“Opal Aye” ပြောတဲ့ သူမအကြောင်း

blank
Opal Aye ဆိုတာ ဘယ်သူလဲ။

BodyBody Myanmar ရဲ့ ပဲ့ကိုင်ရှင်သူမဟာ သာမန်ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်  Product တစ်ခုကို ထုတ်လုပ်နိုင်ခဲ့သူတစ်ဦးပါ။ Organic နဲ့ ပတ်သက်ပြီး ကိုယ်ပိုင် local product တစ်ခုရအောင် ထုတ်လုပ်နိုင်ခဲ့တဲ့ သူမရဲ့ စိတ်ထား၊ ခံယူချက်လေးတွေဟာ ရိုးရှင်းပြီး ချစ်စရာကောင်းပါတယ်။

သူမနဲ့ Organic Product အဓိပ္ပာယ်

အလှကုန်နဲ့ ပတ်သက်ပြီး အညွှန်းတွေရေးတဲ့အခါမှာ အခြားနိုင်ငံမှာဆိုရင် အရမ်းကို ဂရုစိုက်ပြီး စိစစ်ပါတယ်။ အော်ဂဲနစ်လို့ ပြောလိုက်တာနဲ့ ပါဝင်တဲ့ပစ္စည်းတွေဟာ အော်ဂဲနစ်ပဲ သုံးရတယ်။ ဘာမြေသြဇာမှ မသုံးဘဲ စိုက်ပျိုးထားတဲ့ ပါဝင်ပစ္စည်းတွေကို သုံးရပါတယ်။ အဲ့ဒါကို အခြေခံပြီး ကိုယ့်ရဲ့ အလှကုန်ထုတ်လုပ်ဖော်စပ်ပုံထဲမှာ ၅ဝ% အော်ဂဲနစ်သုံးသလား။ ၇ဝ% အော်ဂဲနစ်သုံးသလား။ ၉ဝ% အော်ဂဲနစ် သုံးသလားပေါ်မူတည်ပြီး အသိအမှတ်ပြုလက်မှတ်တွေ ပေးတာပေါ့နော်။ ဒီမှာတော့ ၅ဝ% အော်ဂဲနစ်ကနေ ၇ဝ% အော်ဂဲနစ်အတွင်း ပါဝင်တဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုပါတယ်။

သူမနဲ့ အောင်မြင်မှု

လူတစ်ယောက်နဲ့ တစ်ယောက်က အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုပုံချင်းမတူညီကြပါဘူး။ အစ်မအတွက်ကတော့ တစ်နှစ်ကုန်ဆုံးသွားတိုင်း အစ်မ ဘာတွေလုပ်ခဲ့လဲ။ ကိုယ့်အတွက် ဘာတွေကျန်ခဲ့လဲ၊ မနှစ်ကကိုယ်နဲ့ ဒီနှစ်က ကိုယ်နဲ့ ဘာကွာသွားလဲဆိုတာကို နှိုင်းယှဉ်သုံးသပ်ပါတယ်။ ကိုယ်ကိုယ်တိုင် ကြိုးစားလို့ ရလာတဲ့ ရလဒ်အပေါ်မှာ မူတည်တဲ့ အောင်မြင်မှုမျိုးကို ဂုဏ်ယူပါတယ်။

သူမနဲ့ အချစ်

Relationship တစ်ခုမှာ ချစ်နေရုံနဲ့ မပြီးသလို စိတ်ကူးယဉ်ဆန်ဆန်ဖြစ်ရပ်တွေ လုပ်ပြမှ ချစ်တာမဟုတ်ပါဘူး။ သူနဲ့ကိုယ်နဲ့ လက်တွဲတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ပိုမိုကောင်းမွန်အောင် ဖေးမပြီး နားလည်မှုတွေနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာက ပိုအရေးကြီးပါတယ်။

သူမပြောတဲ့ ဝန်ထမ်းနဲ့ အလုပ်ရှင်ကြား ရှိသင့်တဲ့အချက်တွေ

ကိုယ့်တာဝန်ကိုယ်ယူပြီး ကြိုးစားချင်စိတ်ရှိဖို့

တစ်ယောက်နဲ့ တစ်ယောက် ရိုးသားမှုနဲ့ အပြန်အလှန် လေးစားယုံကြည်ဖို့

သူမရဲ့ အသားအရေ ထိန်းသိမ်းပုံ

၁။ မိတ်ကပ်ကို တကယ်အပြင်သွားစရာရှိမှပဲ လိမ်းပါတယ်။

၂။ အပြင်ပိုင်း ဂရုစိုက်နေရုံနဲ့ မပြီးဘူး။ ခန္ဓာကိုယ်အထဲပိုင်းကလည်း ကျန်းမာနေဖို့က အရေးကြီးပါတယ်။ အဲ့ဒါမှပဲ ဝက်ခြံ မထွက်တာတို့၊ အသားအရေကြည်လင်နေတာတို့ ဖြစ်မှာပါ။ ရေကို တစ်ရက် သုံးလီတာသောက်ပါတယ်။

၃။ အသားအရေမွဲခြောက်တာက အိုမင်းရင့်ရော်ခြင်းရဲ့ ပထမဦးဆုံးအချက်မို့ အသားအရေကို အခြောက်မခံဘဲ moisturizer အမြဲလိမ်းပါတယ်။

သူမရဲ့ ငွေကြေးစုဆောင်းပုံနည်းလမ်း

အဓိကကတော့ ကိုယ့်မှာရှိတဲ့ငွေကို တိုးပွားအောင် လုပ်ဖို့အရေးကြီးတယ်ထင်ပါတယ်။ ကိုယ့်ရဲ့ လစာထဲက ပိုတဲ့ ပိုက်ဆံ နှစ်သောင်းလောက်ပဲ စုတယ်ပဲ ထားဦး။ သုံးနှစ်နေလည်းပဲ ဘာမှ သိပ်ထူးခြားလာမှာမဟုတ်ဘူး။  အစ်မ လစာ နှစ်သိန်းရခဲ့တုန်းက အဲ့ဒီ ငွေနှစ်သိန်းကို ငွေလေးသိန်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ အဲ့လိုလုပ်ဖို့ အတွက် ငါ ဘယ်လိုအလုပ်တွေ ပိုလုပ်ရမလဲစဉ်းစားတယ်။  တခြားအလုပ်တွေ လိုက်ရှာတယ်။  ပြီးတော့ ရိုးသားပါ။ ကြိုးစားပါ။ အလုပ်လုပ်ချင်စိတ်ရှိတဲ့သူအတွက်က အခွင့်အလမ်းဆိုတာ အမြဲရောက်မယ်လို့ ယုံကြည်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ ပေါင်းသင်းဆက်ဆံရေး

ကိုယ့်မိသားစုထဲက မွေးတဲ့သူအချင်းချင်းတောင် တစ်ခါတလေ ညှိမရတဲ့ဖြစ်ရပ်မျိုးတွေ ရှိတော့ လူတွေအများကြီးနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါမှာ  ခက်တဲ့အပိုင်းလည်း ရှိတာပေါ့။ အစ်မက လူတိုင်းကို ဘယ်လိုရာထူးပဲ ဖြစ်ဖြစ်၊ ဘယ်လို အသိုင်းအဝိုင်းမျိုးပဲ ဖြစ်ဖြစ် လေးစားမှု ထားပြီးတော့ ဆက်ဆံဖြစ်တယ်။

လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ မာန်မာနတွေ၊ မောက်မာတာတွေ ရှိလို့ မရဘူး။ ငါလုပ်တာကပဲ မှန်တယ်။ ငါမြင်တဲ့ အတွေးအခေါ်ကပဲ မှန်တယ်ဆိုတဲ့အစွဲကြီးနဲ့ သွားလို့မရဘူး။ တစ်ခါတလေကျရင် မှားတာရှိသလို ကိုယ်မှားတဲ့အခါကျရင်  သူများက အမှန်လာပြောပြတဲ့အခါမှာ ကိုယ်က လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။

စာချစ်သူတို့ကော Ma Opal Aye ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။