ကမ္ဘာကြီးပြန်နေကောင်းတဲ့အခါ အရေးပေါ်အသုံးစရိတ်စုဖို့ စဉ်းစားထားပါ။

blank

ကိုဗစ်ရောက်လာခဲ့တဲ့အခါ အရေးပေါ် အသုံးစရိတ်အကြောင်းကို အားလုံးနားလည်သွားခဲ့ကြတယ်။ မမျှော်လင့်ဘဲ အလုပ်အကိုင်ပျက်လာချိန်မှာ အရေးပေါ် အသုံးစရိတ်မစုဆောင်းထားတော့ အခက်အခဲတွေဖြစ်လာခဲ့ကြတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးပြန်နေကောင်းပြီး အလုပ်တွေလည်ပတ်လာတဲ့အခါ အရေးပေါ် အသုံးစရိတ်စုဖို့အတွက်….။

၁။ လစဉ်ငွေစုမယ့်ရည်မှန်းချက်တစ်ခု ချထားပါ။ ဒီနည်းလမ်းဟာ သင့်ကို ငွေပုံမှန်စုဖြစ်မယ့်အကျင့်တစ်ခု ရစေပြီး မလိုအပ်ဘဲ သုံးမိတာတွေ နည်းပါးသွားလိမ့်မယ်။

၂။ အကြွေလေးတွေရလာတိုင်း ဗူးလေးတစ်လုံးထဲမှာ စုထည့်ထားပါ။ ဗူးလေးပြည့်လာပြီဆိုရင် ငွေစုဘဏ်အကောင့်ထဲကို ပြောင်းထည့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သင့်ဘဏ်အကောင့်ကို ခဏခဏစစ်ဆေးပါ။ ဝယ်စရာ၊ သုံးစရာတွေ မရှိတော့လို့ ငွေကျန်သေးတယ်ဆိုရင် အရေးပေါ်သုံးငွေထဲကို ပြောင်းထည့်လိုက်ပါ။

၎။ ငွေမကျန်တော့ဘူးဆိုရင် အသုံးရပ်ထားပါ။ လစဉ် သင်သုံးမယ့်ဟာတွေကို ဘယ်လိုချုံ့လို့ရမလဲ စဉ်းစားထားပါ။ ဒါဆိုရင် အရေးပေါ်သုံးငွေအတွက် ရလာပါလိမ့်မယ်။ ငွေစုတဲ့အခါ ခရီးခဏခဏထွက်နေတာ၊ ဆိုင်ထိုင်တာမျိုးတွေကို ရှောင်ရှားပါ။