Lock down ကာလက သင်ပေးလိုက်တဲ့ ငွေကြေးဆိုင်ရာ အလေ့အကျင့်များ

blank

Lockdown ကာလကြောင့်….။

  • အသုံးစရိတ်တွေကို ဘယ်လိုစိစစ်ရမလဲဆိုတာကို နားလည်လာခဲ့တယ်။ ဘတ်ဂျက်ကိုဘယ်လို စီမံခန့်ခွဲရမလဲဆိုတာကို သိလာခဲ့တယ်။
  • ငွေကြေးဆိုင်ရာ ပန်းတိုင်တွေကို သုံးသပ်တတ်လာခဲ့တယ်။ အရေးပေါ်အသုံးစရိတ်ရဲ့ အရေးပါပုံကို နားလည်လာခဲ့တယ်။
  • နည်းပညာတွေကို အသုံးပြုပြီး ငွေကြေးတွေကို ပေးချေတတ်လာခဲ့တယ်။ အွန်လိုင်းအသုံးပြုပြီး ဈေးဝယ်တတ်လာခဲ့တယ်။ Digital money ရဲ့ အသုံးဝင်ပုံကို နဖူးတွေ့ဒူးတွေ့ မြင်တွေ့လာခဲ့တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

  • နည်းပညာအသစ်တွေကို အသုံးပြုဖို့ သင်ယူတတ်လာခဲ့တယ်။ အရင်က စိတ်မဝင်စားခဲ့တဲ့ Mobile payment စနစ်တွေအကြောင်းကိုလည်း ထဲထဲဝင်ဝင်လေ့လာလာခဲ့ကြတယ်။
  • အိမ်မှာချက်ပြုတ်စားသောက်ခြင်းဟာ အစားအသောက်စရိတ်တွေ သက်သာစေတယ်ဆိုတာကို သိလာခဲ့တယ်။ အရင်က ကိုယ်တစ်ယောက်အပြင်မှာ စားတဲ့ငွေဟာ တစ်မိသားစုလုံးစာတောင် လောက်ငှတယ်ဆိုတာကို သိလာခဲ့တယ်။

သင်ကော… lock down ကြောင့် ဘယ်လိုငွေကြေးဆိုင်ရာ အလေ့အကျင့်လေးတွေ တတ်မြောက်ခဲ့လဲ။