ပြင်းပြတဲ့စိတ်နေစိတ်ထားရဲ့ စွမ်းအား

blank

စာချစ်သူတို့ရေ….။

ကမ္ဘာမြေပေါ်မှာ သက်ရှိတိရစ္ဆာန်များစွာရှိကြပါတယ်။ အဲ့ဒီအကောင်တွေများစွာထဲမှာ လေးစားအတုယူစရာ အရည်အသွေးတွေရှိနေတဲ့ တိရစ္ဆာန်နှစ်ကောင် ရှိပါတယ်။  ပထမတစ်ကောင်က သိမ်းငှက်ဖြစ်ပြီး  ဒုတိယတစ်ကောင်ကတော့ ခြင်္သေ့ပါ။

သိမ်းငှက်နဲ့ ခြင်္သေ့ (၂) ကောင်လုံးဟာ သူတို့ရဲ့ ပိုင်နက်နယ်မြေတွေထဲမှာ ဘုရင်တွေ ဖြစ်တယ်။ သိမ်းငှက်ဟာ ငှက်မျိုးနွယ်အုပ်စုတွေထဲမှာ ဘုရင်တစ်ပါး ဖြစ်သလို ခြင်္သေ့ကလည်း တိရစ္ဆာန်အုပ်စုတွေထဲမှာ ဘုရင်တစ်ကောင်ပါ။ ပြီးတော့ ခြင်္သေ့တွေဟာ  ခေါင်းဆောင်မှုရဲ့ စိတ်ဝိညာဉ်လိုမျိုး ကိန်းအောင်းနေတဲ့ သတ္တိရှိပါတယ်။ ဒီနေရာမှာ စိတ်ဝိညာဉ်ဆိုတဲ့စကားလုံးက ပြင်းပြတဲ့စိတ်နေသဘောထားကို ဆိုလိုချင်တာပါ။ ခေါင်းဆောင် တစ်ယောက်ဟာ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဒီလိုစိတ်မျိုးရှိရပါမယ်။ နောက်လိုက်တွေနဲ့ မတူညီဘဲ ကွဲပြားခြားနားရမယ်။

ခြင်္သေ့ဟာ တောထဲမှာတော့ ဘုရင်ပဲ။ ခေါင်းဆောင်မှုစွမ်းရည်နဲ့ ပတ်သက်ပြီး ခြင်္သေ့မှာ ကျွန်မတို့ စံနမူနာယူစရာ အရည်အသွေးတွေရှိနေပါတယ်။ ခြင်္သေ့ဟာ တောထဲမှာ…။

  • အရပ်အရှည်ဆုံးသတ္တဝါ မဟုတ်ဘူး။
  • အကောင်အကြီးဆုံးလည်း မဟုတ်ဘူး။
  • ကိုယ်အလေးချိန်အများဆုံးသတ္တဝါလည်း မဟုတ်ပြန်ဘူး။
  • တောထဲမှာ အကောင်အသေးဆုံးသတ္တဝါမဟုတ်သလို ဉာဏ်အကောင်းဆုံးသတ္တဝါထဲလည်း မပါပြန်ပါဘူး။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါပေမဲ့ ခြသေံကို မြင်တဲ့အခါမှာ တိရစ္ဆာန်တွေအကုန်လုံးက နောက်ဆုတ်ထွက်ပြေးကြတာချည်းပါပဲ။ အဲ့ဒါဘာကြောင့်လည်း ‘‘  ခြင်္သေ့အုပ်စုတစ်စုလုံးကို သိုးတစ်ကောင်ဦးဆောင်တဲ့  အသင်းအဖွဲ့မျိုးရှိတာထက် သိုးအုပ်စုတစ်စုလုံးကို ခြင်္သေ့တစ်ကောင်ဦးဆောင်တဲ့  အသင်းအဖွဲ့မျိုးက ပိုကောင်းတယ်” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်မှုဆိုတာ ကြောက်စိတ်ရှိတဲ့သူတွေကိုလည်း ရဲရင့်တဲ့လူတွေအဖြစ် ပြောင်းလဲနိုင်တယ်။  စိတ်ဓာတ်ကျတဲ့လူတွေလည်း စွမ်းအားရှိတဲ့ လူတွေအဖြစ် ပြောင်းလဲပေးနိုင်တယ်။ တောဘုရင်ဖြစ်တဲ့ ခြင်္သေ့တွေမှာ တခြားအကောင်တွေနဲ့ မတူတဲ့ စိတ်ဓာတ်မျိုးရှိကြတယ်။ အဲ့ဒါဟာ သူ့ကို တခြားတိရစ္ဆာန်တွေ ကြောက်ရွံ့စေတဲ့အကြောင်းရင်းပါပဲ။ ခြင်္သေ့ဟာ ဆင်ကို မြင်တဲ့အခါ သူ့စိတ်ထဲမှာ “ဆင်က ငါ့ရဲ့ နေ့လယ်စာ။ ငါ ဒီကောင်ကို စားနိုင်တယ်” ဆိုပြီးတွေးတယ်။ ဆင်တွေဟာ အရွယ်အစား ပိုကြီးတယ်။ ပိုသန်မာတယ်။ ပိုစွမ်းအားရှိတယ်။ ပိုအလေးချိန်များတယ်။ ပိုဉာဏ်ကောင်းတယ်။ ဒါပေမဲ့ ဆင်က ခြင်္သေ့ကို တွေ့တဲ့အခါမှာ “ ဒီကောင်က အသားစားသတ္တဝါ။ ငါ့ကို စားမယ့်အကောင်ပဲ ” လို့ တွေးမိတာပါပဲ။

ဒါ့ကြောင့် သင့်ရဲ့ စိတ်နေသဘောထားဆိုတာ သင့်စိတ်ထဲမှာ ယုံကြည်မှုတည်ဆောက်တဲ့ပုံစံကနေ လာတာ အသေအချာပါပဲ။ ပြင်းပြတဲ့ စိတ်နေသဘောထားဆိုတာ ယုံကြည်မှုရဲ့ ထုတ်ကုန်တစ်ခုပါပဲ။ သင့်ကိုယ်သင် မယုံကြည်ဘဲနဲ့ စိတ်နေသဘောထား ကလည်း ပြောင်းလဲလာမှာ မဟုတ်ပါဘူး။

သင်ကိုယ်တိုင်က ကြောက်ရွံ့ခြင်းတွေနဲ့ ဦးဆောင်လမ်းပြဖို့ မလိုချင်ဘူးဆိုရင်….

သင်ကိုယ်တိုင်က ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်….

သင်ကိုယ်တိုင်က ပြောင်းလဲချင်တယ်ဆိုရင် သင့်စိတ်က ပြင်းပြဖို့သာ လိုအပ်တယ်။

သင့်ရဲ့ပြင်းပြတဲ့ စိတ်နေသဘောထားက သင်လိုချင်တာကို ယူဆောင်ပေးပါလိမ့်မယ်။