ဖိလစ်ပိုင်မှ COVID-19 ကူးစက်ခံလူတစ်ယောက်ရဲ့ ရင်ဖွင့်သံ

blank

ဖိလစ်ပိုင်နိုင်ငံရဲ့ ပထမဆုံး COVID-19 ကူးစက်ခံလူနာတစ်ယောက်ဖြစ်တဲ့ ကာလိုနာဗာရို (Carlo Navarro) ရဲ့ ရင်ဖွင့်စကားတွေဖြစ်ပါတယ်။ သူဟာ ဇနီးသည်၊ သမီးဖြစ်သူတို့နဲ့ ဂျပန်ကို အလည်အပတ်သွား ပြီး ပြန်အလာ မတ်လအစောပိုင်းမှာပဲ သူ့မှာ ကူးစက်ခံထားရပြီဆိုတာ သိရှိခဲ့ရတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

           “ ကူးစက်ခံထားရပြီဆိုတာ အတည်ပြုပြီးတာနဲ့ ကျွန်တော်ဆေးရုံတက်တယ်။ Isolation နေနေရတဲ့ ကာလတွေဟာ ကျွန်တော့်အတွက် အခက်ခဲဆုံးအချိန်တွေပါပဲ။ အကြောက်တရားတွေဟာ ကျွန်တော့်ကို အချိန်နဲ့ အမျှဖိစီးနေတယ်။ ဒါနဲ့ အထီးမကျန်အောင် ကျွန်တော့်အမျိုးသမီးနဲ့အချိန်ပြည့်နီးပါး ဖုန်းပြောတယ်။ ဆေးရုံ တက်ပြီး ၄ ရက်မြောက်နေ့ကတော့ အဆိုးဆုံးပါပဲ။ ကျွန်တော့်လိုကူးစက်ခံထားရသူတွေထဲက တချို့ တွေ စတင်ကွယ်လွန်ကြတယ်။ ကျန်ရစ်သူတွေရဲ့ ငိုကြွေးသံတွေဟာ ကျွန်တော့်ကို ပိုကြောက်မိစေတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ကျွန်တော်ပြန်သက်သာလာခဲ့တယ်။ တခြားလူတွေကို ကျွန်တော်ပြောချင်တာကတော့ COVID-19 လို့ ဆိုလိုက်တာနဲ့ သေမိန့်ပေးတဲ့စကားလုံးမဟုတ်ပါဘူး။ ကူးစက်ခံရသူတိုင်းလည်း မသေပါဘူး။ မတ်လ ၂၅ ရက်နေ့အထိ ကျွန်တော်တို့ ဖိလစ်ပိုင်မှာ လူ ၆ဝဝ ကူးစက်ခံထားရပါပြီ။ သေဆုံးတာက ၃၈ ယောက်ပါ။ ကျွန်တော်ကတော့ ပြန်သက်သာလာသူ ၂၆ ယောက်ထဲက တစ်ယောက်ပေါ့။ ကျွန်တော်ပြော ချင်တာက အတတ်နိုင်ဆုံးတော့ ကူးစက်မခံရအောင် ကာကွယ်ပါ။ ကူးစက်ခံရပြီး သေဆုံးသူအများစုဟာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းသူတွေ၊ ရောဂါအခံရှိသူတွေပါ။ မိသားစု သုံးယောက်ထဲမှာ ကျွန်တော် တစ်ယောက်တည်းကူးတာဟာ ကျွန်တော်က ကိုယ်ခံအားနည်းလို့ပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ကြပါ။ အိမ်မှာရှိတဲ့လူကြီးသူမတွေကို ပိုဂရုစိုက်ကြပါ။ ကူးစက်ခံရရင်လည်း စိတ်ဓာတ်မကျပါနဲ့။ အရှုံး မပေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အားပေးပါ။ ကျော်ဖြတ်ပါ။ COVID-19 လို့ဆိုလိုက်တိုင်း မျှော်လင့်ချက်မရှိတော့ တဲ့ ရောဂါမဟုတ်ဘူးဆိုတာ အားလုံးကို ပြောပြချင်ပါတယ် ”

တခြားသူတွေအတွက်လည်း ပြန် SHARE ပေးလိုက်ပါဦးနော်။