အချစ်ကြောင့် ငွေကုန်ရတာမျိုး မဖြစ်ရလေအောင်….

blank

ချစ်သူရှိတဲ့သူတွေက Single တွေထက်ငွေပိုကုန်တယ်တဲ့။ ဒါပေမဲ့ ကိုယ့်ရဲ့နည်းလမ်းတွေက မှန်ကန်တယ်ဆိုရင်တော့ ကိုယ်တွေက single တွေထက်တောင် ငွေပိုစုနိုင်တယ်တဲ့။ စာဖတ်သူတို့အတွက် အချစ်ကြောင့်ငွေမကုန်ရဘဲ ငွေပိုစုနိုင်စေမယ့် နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ယောက်ျားလေးက အရာရာကို အကုန်အကျခံရမယ်ဆိုတဲ့ စည်းမျဉ်းကိုအရင်ဆုံး ဖောက်ဖျက်ပစ်ပါ။

၂။ နှစ်ယောက်အတူတူ ငွေစုဖို့ အခြေခံစည်းမျဉ်းတွေကို ချမှတ်ထားပါ။

၃။ တန်ဖိုးကြီးလက်ဆောင်တွေအပေါ် အာရုံစိုက်မယ့်အစား အတူတူအချိန်ကုန်ဆုံးဖို့ ကြိုးစားကြည့်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၎။ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တွေကို သွားမယ့်အစား လမ်းအတူတူလျှောက်ပြီး စကားပြောပါ။ ရိုမန်တစ်ဆန်ပြီးတစ်ယောက်အကြောင်း တစ်ယောက်ပိုနားလည်စေမှာပါ။

၅။ တစ်ယောက်က ငွေဖြုန်းရင် နောက်တစ်ယောက်က ထိန်းမယ်ဆိုတဲ့ စနစ်တစ်ခုကို သတ်မှတ်ထားပါ။

သင်ကျင့်သုံးနေတဲ့ ငွေကြေးဆိုင်ရာ အကြံပြုချက်လေးတွေကိုလည်း ဝေမျှပေးပါဦး။ `