ငွေကြေးနဲ့ ပတ်သက်ပြီး လိုက်နာသင့်တဲ့ စည်းကမ်းထုံးစံများ

စာချစ်သူတို့ရေ…..

တခြားသူတစ်ယောက်ရဲ့ လစာနဲ့ ဝင်ငွေအကြောင်းကို မေးမြန်းတတ်လား။ အဲ့ဒီလိုမေးမြန်းခြင်းဟာ တကယ်တော့ မယဉ်ကျေးတဲ့ အပြုအမူတစ်ခု တစ်ခုပါနော်။ နောက်ထပ် ငွေကြေးနဲ့ ပတ်သက်ပြီး စောင့်ထိန်းရမယ့် ကျင့်ဝတ်လေးတွေကို စာချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

၁။ သူတစ်ပါးရဲ့ အသုံးစရိတ်၊ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုးတွေ မလုပ်ပါနဲ့။

၂။ စပ်တူ အလှူအတန်းလုပ်တာပဲဖြစ်ဖြစ်၊ အပျော်ခရီးထွက်တာပဲဖြစ်ဖြစ် စီစဉ်တော့မယ်ဆိုရင် သင့်သူငယ်ချင်းတွေရဲ့ ငွေကြေးအခြေအနေတွေကို အရင်မေးမြန်းသင့်ပါတယ်။

၃။ သူငယ်ချင်းရဲ့ မွေးနေ့မှာ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ လက်ဖွဲ့ပေးတာပဲဖြစ်ဖြစ် အဖွဲ့လိုက်ပေါင်းပြီး လုပ်ဆောင်မယ့် ကိစ္စတွေမှာ အားလုံးတတ်နိုင်တဲ့ ငွေပမာဏကို မေးမြန်းပြီးမှ စီစဉ်ပါ။

၎။ စားသောက်ဆိုင်မှာ စားပြီး အတူတူဘေလ်ရှင်းကြတဲ့အခါ မျှမျှတတဖြစ်ပါစေ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်ထက် ဝင်ငွေပမာဏ နည်းသူတွေရှေ့မှာ ငွေကြေးနဲ့ ပတ်သက်ပြီး မညည်းညူမိပါစေနဲ့။

၆။ တစ်စုံတစ်ယောက်က ပစ္စည်းတစ်ခုခုဝယ်လာတဲ့အခါ ဈေးမမေးပါနဲ့။

၇။ အကြွေးကို သတ်မှတ်ထားတဲ့အချိန်ရောက်ရင် ပြန်ဆပ်ပါ။

၈။ ငွေကြေးကြောင့် ခင်မင်ရသူတွေကြား ဆက်ဆံရေး မပျက်ပြားစေဖို့အတွက် ငွေကြေးနဲ့ပတ်သက်ပြီး အရှုပ်အရှင်းတွေ မရှိပါစေနဲ့။

သင်ထပ်ထည့်ချင်သေးတဲ့ ငွေကြေးနဲ့ သက်ဆိုင်တဲ့ အချက်အလက်လေးတွေရှိရင် Comment box မှာ ဝေမျှပေးသွားလို့ရတယ်နော်။