မီရှဲလ်အိုဘားမားပြောတဲ့ အဖိုးတန်ဒဿနလေးတစ်ခု

blank

တချို့မိန်းမသားတွေဟာ ထူးချွန်သူခင်ပွန်းသည်တွေရဲ့ နောက်ကွယ်က ပါရမီဖြည့်ဖက်တွေအနေနဲ့ နေနေပေမယ့်လည်း သူမတို့ရဲ့ပြောင်မြောက်တဲ့ ပင်ကိုယ်အရည်အချင်းတွေကြောင့် ကမ္ဘာကျော်ကြပါတယ်။ အဲ့ဒီထဲမှာ သမ္မတဟောင်း အိုဘားမားကတော် မီရှဲလ်အိုဘားမား (Michelle Obama) လည်း ပါပါတယ်။

မီရှဲလ်ဟာ မိန်းမငယ်လေးတွေကိုလည်း သတ္တိရှိရဲရင့်ဖို့၊ မျှော်လင့်ချက်တွေကို လွှင့်မပစ်ဖို့၊ စွန့်စားဖို့နဲ့ ကျရှုံးမှာကို မကြောက်ရွံ့ဖို့ အမြဲအားပေးတတ်သူပါ။

အမျိုးသမီးတွေကို ဦးတည်ပြီး သူမပြောလေ့ရှိတဲ့စကားလုံးတွေဟာ စိတ်ဓာတ်ခွန်အားရစရာတွေ အ များကြီးပါဝင်နေပါတယ်။ သူမရဲ့နာမည်ကျော်ဒဿနကတော့…

“သင့်အနေနဲ့ သက်တောင့်သက်သာရှိတဲ့ဘဝအခြေအနေကို ပိုင်ဆိုင်ထားတာဖြစ်ချင်မှဖြစ်မယ်။ ပြဿ နာတွေအများကြီးကို တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်စွမ်းလည်း ရှိချင်မှရှိလိမ့်မယ်။ ဒါပေမဲ့… အဲ့ဒါတွေအတွက် တော့ သင့်ကိုယ်သင် ဘယ်တော့မှ အထင်မသေးလိုက်ပါနဲ့။ မလျှော့တဲ့ ဇွဲသတ္တိနဲ့ မျှော်လင့်ချက်သာရှိရင် လူ တစ်ယောက်ဟာ တစ်နေ့ကျရင် ရောက်ချင်တဲ့အမြင့်ကို သေချာပေါက်ရောက်မှာပဲ ” တဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူမ အယူအဆအရ မိန်းမသားတွေမွေးဖွားလာကြတာဟာ သမိုင်းမှာ မှတ်ကျောက်တင်ဖို့၊ ပိုမိုကောင်း မွန်တဲ့ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့နဲ့ အပြုသဘောဆောင်တဲ့အရာတွေကို ကမ္ဘာကြီးထဲ ယူဆောင် လာဖို့ ဖြစ်ပါတယ်တဲ့။

စာစောင်လေးကို နှစ်သက်ရင် SHARE လိုက်ပါဦးနော်။