ပိုက်ဆံဖြုန်းတီးနေတာကို ရပ်လိုက်စေနိုင်မယ့် အရာ (၁၅) မျိုး

blank

ဒီအရာလေးတွေမှာ ပိုက်ဆံချွေတာလိုက်နိုင်ခြင်းက သင့်ကို အတန်ငယ် ငွေစုဆောင်းမိစေနိုင်ပါလိမ့်မယ်။

၁။ ရုပ်သံလိုင်း

ကိုယ်ကြည့်ဖြစ်တဲ့ရုပ်သံလိုင်းလောက်ပဲ ဝယ်ပါ။

၂။ ဘဏ်တိုး

ဘဏ်တိုးတွေကို ရှောင်လွဲနိုင်မယ့် အကောင်းဆုံးနည်းကတော့ မလိုအပ်တဲ့ပစ္စည်းတွေကို ဘဏ်ချေးငွေနဲ့ မဝယ်ယူခြင်းပါပဲ။

၃။ ပစ္စည်းတွေရဲ့ အာမခံကာလ ထပ်တိုးခြင်း

တစ်ခါတလေမှာ အာမခံကာလ ထပ်တိုးရတာဟာ ပစ္စည်းအသစ်ဝယ်လိုက်တာထက်တောင် ကုန်ကျနိုင်ပါသေးတယ်။

၎။ ပိုက်ဆံသုံးစွဲခြင်း

တကယ်တော့ ကိုယ့်ဝင်ငွေရဲ့ သုံးပုံတစ်ပုံထက် လျှော့သုံးခြင်းဟာ အကောင်းဆုံးပါ။

၅။ Mobile data package plans

ကိုယ် data ဘယ်လောက်သုံးစွဲမိနေတယ်ဆိုတာ သေချာတွက်ချက်ပါ။ မလိုအပ်ရင် unlimited plan တွေမဝယ်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ပစ္စည်းသယ်ယူပို့ဆောင်ခ

ပစ္စည်းဝယ်တဲ့အခါမှာ သယ်ယူပို့ဆောင်ခမယူဘဲ အိမ်အရောက်ပို့ပေးတဲ့ လက်လီရောင်းတဲ့သူတွေအများကြီးရှိပါတယ်။

၇။ ကလေးတွေကို ဆုချခြင်း

ပန်းချီပညာမှာ ထူးချွန်ပြောင်မြောက်တဲ့ ကလေးကို ဆုချချင်တဲ့အခါ သူဆွဲထားတဲ့ပုံကလေးကိုပဲ အိမ်မှာ ချိတ်ဆွဲပေးထားလိုက်ပါ။

၈။ အသင့်စားအစားတွေ

အသင့်စားအစာတွေစားတာ၊ အရက်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် ပိုက်ဆံ ပိုကုန်စေပါလိမ့်မယ်။

၉။ အာမခံပါတဲ့ ပစ္စည်းများ

ဘယ်နှစ်လ အာမခံတယ်ဆိုတဲ့ ပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်ယူနေမယ့်အစား အသက်အာမခံ၊ ထိခိုက်မှုအာမခံတွေလုပ်ခြင်းက ပိုကောင်းပါလိမ့်မယ်။

၁ဝ။ မလိုအပ်တဲ့ လက်ဆောင်တွေ

အဝတ်အစားတွေ ပိုလျှံနေပြီးသား သူတစ်ယောက်ကို အဝတ်အစားထပ်မံပေးနေမယ့်အစား အမှန်တကယ်လိုအပ်နေတဲ့သူကိုပဲ လက်ဆောင်ပေးလိုက်ပါ။

၁၁။ ဝိတ်ကျဆေးတွေ

အာမခံချက်မပေးနိုင်တဲ့ ဝိတ်ကျဆေးတွေသောက်မယ့်အစား ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်ပါ။ အာလူးလို ဝိတ်တက်စေတဲ့အစားအစာတွေ မစားပါနဲ့။

၁၂။ ထီလက်မှတ်

ထီလက်မှတ်ဝယ်မယ့်အစား အပန်းဖြေတာတွေ၊ အစားအသောက်ကောင်းစားတာတွေ လုပ်ပါ။

၁၃။ ကားသစ်ဝယ်ခြင်း

ကားသစ်တစ်စီးဝယ်မယ့်အစား ခပ်လတ်လတ် ကားဟောင်းတစ်စီး ဝယ်လိုက်ပါ။ ဒါမှမဟုတ် အငှားကားပဲ စီးပါ။

၁၄။ အသင်းဝင်ကြေးတွေ

မဂ္ဂဇင်းဝင်ကြေး၊ သတင်းစာတိုက်ဝင်ကြေး၊ Gym ဝင်ကြေးတွေဟာ ဈေးကြီးလွန်းတာကြောင့် ကိုယ်တကယ်လိုအပ်မှ အသင်းဝင်ပါ။

၁၅။ မနက်ခင်းကော်ဖီ

ကော်ဖီကို လမ်းမှာမှ ဝယ်သောက်နေမယ့်အစား ကော်ဖီဖျော်စက်လေးတစ်လုံး ဝယ်ထားလိုက်ပါ။

စာချစ်သူတို့ကော ဘယ်အရာတွေမှာ ပိုက်ဆံချွေတာဖြစ်လဲ။