အောင်မြင်မှုမရမချင်း ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့။

စာချစ်သူတို့ရေ……

သင့်ဘဝမှာ ဒဏ်ရာတွေ အများကြီးရခဲ့ဖူးမယ်။ အမှားတွေ လုပ်ခဲ့ဖူးမယ်။ တချို့လူတွေက ဒါတွေကို ကျရှုံးမှုတွေလို့ ခေါ်ကြတယ်။ တကယ်တော့ ဒါတွေဟာ အတွေ့အကြုံတွေပါ။ သင့်ကျရှုံးမှုတိုင်းဟာ သင်ဘယ်လို လေ့လာခဲ့တယ်။ ဘယ်လောက်တောင် ကြိုးစားအဖြေရှာခဲ့လဲဆိုတာ ပြသနေတာပါပဲ။ သင်က ကျရှုံးဖို့ မပြင်ဆင်ရသေးဘူးဆိုရင် အောင်မြင်မှုကိုလည်း ဘယ်တော့မှရမှာမဟုတ်ပါဘူး။

အောင်မြင်ဖို့ နည်းလမ်းတွေလည်း ရလာမှာမဟုတ်ပါဘူး။ သင်ဘယ်နှကြိမ် ကျရှုံးခဲ့လဲဆိုတာ အရေးမကြီးပါဘူး။ သင်မလုပ်နိုင်ပါဘူးလို့ ဘယ်သူတွေ ဘယ်လောက်ပြောပြော အရေးမကြီးပါဘူး။ ဘယ်လောက်ပဲ ကျရှုံးကျရှုံး ထပ်ကြိုးစားပါ။ ဘယ်တော့မှ ရပ်မပစ်ပါနဲ့။ လူတိုင်းမှာ ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံးအရာဖြစ်တဲ့ အချိန်ကို ပိုင်ဆိုင်ထားကြပါတယ်။ အဲ့ဒီအချိန်တွေကလည်း ရပ်တန့်နေကြတာ မဟုတ်ပါဘူး။ အောင်မြင်မှုရဖို့ ပထမဆုံးခြေလှမ်းစတာက အခက်ခဲဆုံးပါ။ အဲ့ဒီထက် ပိုခက်ခဲတာက အခွင့်အလမ်းတွေ ပိတ်နေတယ်လို့ ထင်နေတဲ့စိတ်ပါပဲ။ အရည်အချင်းဆိုတာ ဘဝက သူ့အလိုလိုပေးလာတဲ့ လက်ဆောင်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ လူအများစုကတော့ အဲ့ဒီအရည်အချင်းဟာ ကြီးမြတ်သူတွေမှသာ ပါလာတယ်လို့ ထင်နေတတ်ကြပါတယ်။

အဲ့ဒါကြောင့် “ ငါသာဆိုရင် သူတို့လို အောင်မြင်မှုရမှာ မဟုတ်ဘူး ” ဆိုတဲ့ အစွဲနဲ့ ကြိုးစားဖို့ နောက်တွန့်နေတတ်ကြတယ်။ တကယ်တော့ လူတိုင်းလူတိုင်းမှာ ကြိုးစားရင် ကြိုးစားသလောက် လုပ်ကိုင်နိုင်တဲ့ အရည်အချင်းကိုယ်စီ ပါလာပြီးသားပါ။ အောင်မြင်သူတွေနဲ့ သာမန်လူတွေရဲ့ ကွာခြားချက်ကတော့ အောင်မြင်သူတွေက သူတို့ကိုယ်သူတို့ စွန့်စားမှုတွေပြုလုပ်ဖို့ အခွင့်အရေးတွေ ပေးကြတယ်။ လုပ်စရာရှိတာတွေကို စဉ်းစား တွေဝေမနေဘဲ ချက်ချင်းထလုပ်ကြပါတယ်။ စိန်တစ်ပွင့်လို တောက်ပချင်ရင် အပြစ်အနာဆာကင်းအောင် သွေးပေးဖို့ လိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင်လည်း အခက်အခဲအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ဖို့ အရေးကြီးဆုံးပါပဲ။ အစီအစဉ်တွေ သေချာချမှတ်ပြီး လက်တွေ့ကျကျလုပ်ဆောင်ပါ။ သင့်အိပ်မက်ပန်းတိုင်ဆီ မရောက်မချင်း  ဘယ်တော့မှ လက်မလျှော့လိုက်ပါနဲ့။ ဒါမှသာ သင်လိုချင်တဲ့အရာကို ရမှာပါ။ လောကကြီးက သင့်ကို ဘယ်လောက်ပဲ နာကျင်အောင် ရိုက်ခတ်ပါစေ။ “ အောင်မြင်မှု မရမချင်း ငါဘယ်တော့မှ နောက်မဆုတ်ဘူး ” ဆိုတဲ့ခံယူချက်နဲ့ ရဲရဲကြီးရင်ဆိုင်လိုက်ပါ။

ကဲ…. သင်ရော အဆင်သင့်ဖြစ်ပြီလား။

ဒီစိတ်ဓာတ်ခွန်အားဖြည့် စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် မျှဝေပေးပါဦးနော်။