မလိုအပ်ဘဲ ငွေကုန်ကြေးကျများနေတာတွေလျှော့ပြီး ပိုက်ဆံစုမိစေဖို့…

တကယ်တော့ လူတွေဈေးဝယ်ထွက်ကြတယ်ဆိုတာ လိုအပ်တဲ့အရာတွေကို ဝယ်ယူဖို့ပါ။ တစ်ခါတ လေကျတော့လည်း လိုအပ်လို့မဟုတ်ဘဲ ပျင်းလို့၊ ပျော်လို့၊ ဝမ်းနည်းလို့၊ စိတ်ခံစားချက်တစ်ခုခုရှိလို့၊ တခြားသူ တွေကို အဖော်လိုက်ပေးချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဈေးဝယ်ထွက်တတ်ကြပြန်ပါတယ်။ ဒါပေမဲ့ စိတ် လိုက်မာန်ပါ ဝယ်ယူလိုက်တဲ့အရာတိုင်းကလည်း ကိုယ့်ကို အမြဲတမ်းစိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တာတော့  မဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ့်အတွက် တကယ်အသုံးမကျဘဲနဲ့ ဈေးကြီးပေးဝယ်ယူလိုက်မိတဲ့ပစ္စည်း မျိုး တွေဆိုရင် မပျော်တဲ့အပြင် ရက်အတော်ကြာတဲ့အထိ တနုံ့နုံ့နဲ့ စိတ်ညစ်နေမိတာမျိုးတောင် ဖြစ်ရပါတယ်။

အောက်မှာဖော်ပြထားတာကတော့ မလိုအပ်ဘဲ ဝယ်မိတာတွေလျှော့ချပြီး ငွေကို စနစ်တကျသုံးစွဲနိုင် စေမယ့် အကြံပြုချက်လေးတစ်ချို့ပဲ ဖြစ်ပါတယ်။

၁။ မလိုအပ်ဘဲ ဝယ်လိုက်မိပြီဆိုတာသိတာနဲ့ အဲ့ဒီပစ္စည်းကို တတ်နိုင်သမျှ ပြန်ပေးလို့ရရင် ပြန်ပေးကြည့်ပါ။

၂။ ငွေကို မဖြုန်းဘဲ စနစ်တကျသုံးမယ်လို့ စိတ်ပိုင်းဖြတ်ထားပါ။ ဈေးဝယ်မထွက်ခင်မှာ ကိုယ်တကယ်လိုအပ်နေ တာတွေနဲ့ ကိုယ့်ကိုတကယ်ပျော်ရွှင်စေမယ့်အရာတွေကို စာရင်းချရေးထားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ လိုချင်တဲ့အရာတွေအပေါ်မှာပဲ အာရုံမစိုက်ဘဲ ငွေကြေးကို ကိုယ့်အတွက် အတွေ့အကြုံရစေမယ့်အရာတွေ၊ ကိုယ့်ကိုပျော်ရွှင်စေမယ့်အရာတွေအတွက် သုံးဖို့ အစီအစဉ်ဆွဲပါ။

၎။ ဈေးဝယ်ထွက်ရတာ ကြိုက်တာက အပြစ်မဟုတ်ပါဘူး။ ကိုယ့်အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုယူဆောင်လာပေး မယ့် ပစ္စည်းတွေကို ဝယ်ယူဖို့ပဲ အရေးကြီးတာပါ။

အထက်ပါအချက်လေးတွေက စာချစ်သူတို့အတွက် မလိုအပ်ဘဲ ဝယ်နေမိတာတွေကြောင့် ငွေကုန် ကြေးကျများနေတဲ့အဖြစ်တွေကို ကူညီလျှော့ချပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တခြားသူတွေကိုလည်း ပြန်လည်မျှဝေပေးဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။