အခက်အခဲတွေကြုံလာရတဲ့အခါ……

blank

          လောကကြီးထဲမှာ နေထိုင်လာတာကြာတာနဲ့အမျှ ဘဝအနိမ့်အမြင့် အတက်အကျတွေ၊ အဆိုးအကောင်းတွေဆိုတာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံလာရမယ့်အရာတွေပါ။ အခက်အခဲတွေကို ရင်ဆိုင်ရတာဟာလည်း ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလေ။ ဒီအချိန်မှာ တခြားသူတွေနဲ့ ကိုယ့်ကို ကွဲပြားလာစေမှာကတော့ ဒီပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတဲ့အချက်ပါပဲ။ အခက်အခဲတွေ ကြုံလာရတဲ့အခါ ပြဿနာတွေကို စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်စေမယ့် နည်းလမ်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ကိုယ့်ခံစားချက်တွေကို သူငယ်ချင်းတစ်ယောက်ဆီ ရင်ဖွင့်လိုက်ပါ။

၂။ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း ဒီအခက်အခဲတွေ ကြုံတွေ့နေရတာမဟုတ်ဘူးဆိုတာ သဘောပေါက်ပါ။

၃။ အတိတ်ကို ပြင်ဆင်လို့မရနိုင်တာကြောင့် လက်ရှိဘာလုပ်နိုင်တယ်ဆိုတာကိုပဲ အာရုံစိုက်ပါ။

၎။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်မှာ ရွေးချယ်စရာရှိတယ်ဆိုတာကို သိပါ။

၅။ စိတ်ခံစားချက်တွေကို အတတ်နိုင်ဆုံး ဘေးဖယ်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ အကောင်းမြင်စိတ်ထားပါ။

၇။ လိုအပ်တဲ့အကူအညီကို တောင်းခံပါ။

၈။ အခက်အခဲတွေဆိုတာ မကြာခင်ကျော်လွှားသွားနိုင်မယ့်အရာဆိုတာ သိရှိပါ။

၉။ အခက်အခဲတွေကနေ သင်ခန်းစာယူပါ။

ဘဝဟာ ဘယ်လောက်ပဲ အခြေအနေဆိုးနေပါစေ ကိုယ်ကသာ ပြဿနာတွေကို စိတ်အေးအေးနဲ့ ချုပ်ထိန်းနိုင်မယ်ဆိုရင် ဘယ်အရာကမှ ကိုယ့်ကို ပြိုလဲမသွားစေနိုင်ပါဘူး။

စာချစ်သူတို့ကော အခက်အခဲတွေ ကြုံလာရတဲ့အခါ ဘယ်လိုနည်းလမ်းလေးတွေသုံးပြီး ရင်ဆိုင်ဖြေရှင်းဖြစ်လဲ။