ဆယ်ကျော်သက်တို့အတွက် ငွေစုနိုင်စေမယ့် နည်းလမ်းလေးများ

blank

ဘဝတစ်သက်တာလုံးမှာ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် စတင်ငွေစုသင့်တဲ့အရွယ်ဟာ ဆယ်ကျော်သက်အရွယ်ပါ။ အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကျေးဇူးတင်မိစေမယ့် ဆယ်ကျော်သက်အရွယ်မှာ ငွေစုနိုင်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဘဏ်မှာ ငွေစုပါ။

ဆယ်ကျော်သက်ဆိုတာက သိန်းပေါင်းများစွာ ရှာဖွေနိုင်တဲ့အရွယ်မဟုတ်သေးပေမယ့် မုန့်ဖိုး ငွေလေးတွေ ပဲဖြစ်ဖြစ် ကျောင်းအားရက်မှာ အလုပ်လုပ်ပြီး ငွေလေးတွေပဲဖြစ်ဖြစ် လက်ထဲမှာထားမယ့်အစား ငွေတိုးစေဖို့ ဘဏ်မှာအပ်ထားလိုက်ပါ။ အမှတ်မထင်စုထားမိတဲ့ ငွေလေးတွေဟာ အသက်ကြီးလာတဲ့အခါ ရင်းနှီးဖို့ အသုံးဝင်လာနိုင်ပါတယ်။

၂။ ငွေစုဆောင်းခြင်းကို အကျင့်တစ်ခုအဖြစ် မွေးမြူပါ။

အကျင့်ဆိုတာဟာ လုပ်မယ်လို့ တကူးတကတွေးတောနေစရာမလိုဘဲ အလိုလိုလုပ်မိနေတဲ့အရာတစ်ခုမဟုတ်လား။ ငွေစုဆောင်းခြင်းကိုလည်း အကျင့်တစ်ခုအဖြစ် မွေးမြူထားလိုက်ပါ။ ပိုက်ဆံတစ်ထောင်ရသည်ဖြစ်စေ၊ တစ်သောင်းရသည်ဖြစ်စေ ဆယ်ပုံတစ်ပုံကို စုဆောင်းနိုင်အောင် ကြိုးစားပါ။ တစ်ဝက်လောက်စုနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ငယ်ရွယ်စဉ်ကတည်းက စုဆောင်းတဲ့အကျင့်လုပ်လာနိုင်တဲ့အခါ အရွယ်ရောက်လည်း ဆက်လက်စုဆောင်းမိနေမှာပါပဲ။

၃။ ကိုယ် သုံးစွဲမိတဲ့အရာတိုင်းကို စာရင်းလုပ်ထားပါ။

ပိုက်ဆံဆိုတာ ခြေရာခံဖို့ အခက်ဆုံးအရာတစ်ခုပါ။ ဒါကြောင့် ပိုက်ဆံကို ဘဏ်မှာအပ်တဲ့အခါ အကောင့်နှစ်ခုနဲ့ အပ်ပါ။ စစ်ဆေးဖို့အကောင့်ရယ်၊ ငွေစုအကောင့်ရယ်ပေါ့။ ပြီးရင် ပိုက်ဆံကို အကောင့်နှစ်ခုမှာ တစ်ဝက်စီခွဲထည့်ပါ။ ပိုက်ဆံတွေကို ခွဲထည့်ထားဖို့ဆိုတာ သိပ်အရေးကြီးပါတယ်။ ရောပြီးထားလိုက်တဲ့အခါမှာ ငွေပျောက်ပျက်သွားဖို့ အရမ်းလွယ်ကူတာမို့လို့ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ငွေလည်ပတ်ပုံကို သိရှိနိုင်အောင် ကြိုးစားပါ။

စီးပွားရေးနဲ့ ဘွဲ့ရမှ ငွေလည်ပတ်ပုံအကြောင်းသိရှိနိုင်တာမဟုတ်ပါဘူးနော်။ ပိုက်ဆံအကြောင်း ပိုသိလာလေလေ မလိုအပ်တာတွေအတွက် ငွေသုံးမိတာနည်းလေလေမို့ ငွေလည်ပတ်ပုံကို သိရှိနိုင်အောင် ကြိုးစားပါ။

၅။ ကျောင်းသားကဒ်ကို အသုံးပြုပါ။

စားသောက်တဲ့အခါမှာ ကျောင်းသားကဒ်ပါလာရင် ဘယ်လောက်ရာခိုင်နှုန်းလျှော့ပေးမယ်ဆိုတာတွေ၊ ရှိုးပွဲသွားတဲ့အခါ ကျောင်းသားဆိုရင် ဘယ်လောက်လျှော့ပေးတယ်ဆိုတာမျိုးတွေ တွေ့ဖူးတယ်မလား…ဒါကြောင့် ကျောင်းသားကဒ်ကို သွားလေရာယူသွားပါ။

၆။ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ချင့်ချိန်သုံးစွဲပါ။

ဆယ်ကျော်သက်အရွယ်ဆိုတာ ပြိုင်ဆိုင်ချင်စိတ်များတတ်တဲ့အရွယ်ပါ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက ငွေကြေးရှာဖွေစုဆောင်းထားနိုင်မှသာ အသက်အရွယ်ကြီးရင့်တဲ့အခါမှာ ငွေကြေးအတွက် မပူပန်ရတော့မှာမို့လို့ ကိုယ့်အတိုင်းအတာနဲ့ ကိုယ် ချင့်ချိန်သုံးစွဲပါ။

ဆယ်ကျော်သက်လေးတွေ ငွေစုဆောင်းနည်းလေးတွေသိရှိနိုင်စေဖို့ ဒီစာစောင်လေးကို မျှဝေပေးသွားပါဦးနော်။