အသက် ၂၂ မှာ အောင်မြင်သူတွေ သိခဲ့ရတဲ့ ဘဝအတွေ့အကြုံများ

၁။ အလုပ်ကို အလွန့်အကျွံမလုပ်ပါနဲ့။

အေရီအာနာ ဟာဖီတန်

“ အချိန်ကို နောက်ပြန်ဆုတ်လို့ ရမယ်ဆိုရင် ကျွန်မကိုယ်ကျွန်မ ပြန်ပြောချင်တာ ရှိပါတယ်။ အဲ့ဒါကတော့ အေရီအာနာရေ၊ အလုပ်တွေကိုပဲ အားသွန်ခွန်စိုက်ကြိုးစားမနေနဲ့။ နင့်ကိုယ်နင် အရင်ပြောင်းလဲလိုက်ရင် တိုးတက်လာမယ်လို့ပေါ့ ”

၂။ ပေါက်ကွဲနေရုံနဲ့မပြီးဘူး၊ ရည်ရွယ်ချက်အတိုင်းလည်း လုပ်ဆောင်ပါ။

ရစ်ချက်ဘရန်ဆန်

“ စတိဗ်ဂျော့စ် iPod မတီထွင်ခင်နဲ့ အင်တာနက်ကို တေးဂီတရှာဖွေဖို့ သုံးလို့ရတယ်ဆိုတာကို စောစောသိခဲ့ရင် ကောင်းမှာပဲ ”

၃။ အကောင်းဆုံးဆိုတာတွေကို လွယ်လွယ်နဲ့မရပါဘူး။

ဆယ်လင်းခရောချက်

“ သင်လုပ်ချင်တယ်လို့ ဆုံးဖြတ်လိုက်တာတွေကို တစ်ကြိမ်တည်း လုပ်ရုံနဲ့ ရဖို့မလွယ်ကူပါဘူး။ သင့်အနေနဲ့ အကြိမ်ကြိမ်ငြင်းပယ်ခံရနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်နဲ့နဲ့  ကြိုးစားဖို့ လိုအပ်ပါတယ်။ ”

၎။ မသေချာမရေရာမှုတွေကို ဖော်ထုတ်ပါ။

ဒီးပတ်ခ် ချော့ပရာ

“ မသေချာမရေရာမှုတွေဆိုတာ ပညာသားပါတဲ့အရာတွေပါ။ ဒါတွေဟာ မသိစိတ်ဆိုတဲ့ တံခါးကို ဖွင့်ပေးပါတယ်။ မသိစိတ်ကပဲ ဘဝကို အသစ်ပြန်လည်မွေးဖွားပေးနိုင်ပါတယ်။ ”

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ငွေက သင့်ကို တန်ဖိုးသတ်မှတ်မပေးပါဘူး။ သင်ကပဲ ငွေကို တန်ဖိုးသတ်မှတ်ပါ။

ဆူဇီအော်မန်

“ ကျွန်မပိုင်ဆိုင်ထားတဲ့ ငွေတွေက ရှုးသွပ်နေကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်မကလည်း ရူးသွပ်နေလို့ပေါ့။ ကျွန်မအတွက် ဘာအဓိပ္ပါယ်မှ မရှိတဲ့အရာတွေအတွက် ကျွန်မငွေတွေကို သုံးပစ်မိတယ်လေ။ ’’

၆။ ကိုယ်နဲ့မကိုက်ညီတဲ့ အလုပ်တွေကိုလည်း လက်ခံပါ။

ကလာရာရှိ

“ အလုပ်လုပ်နေတဲ့အခါ အဆိုးဆုံးအရာတွေနဲ့ ကြုံတွေ့ရလည်း သင်လေ့လာခဲ့တဲ့ ပညာတွေ၊ အတွေ့အကြုံတွေ၊ ယုံကြည်မှုတွေနဲ့ ရင်ဆိုင်ဖြေရှင်းပါ။ ဒါ့အပြင် ငွေရဖို့အတွက်ပဲ ရေတိုမကြည့်ပါနဲ့။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေး လုပ်ပေးပါဦးနော်။