ငွေအဝင်အထွက်မမျှဖြစ်နေတဲ့ ပျိုမေတို့အတွက် နောင်ရေးစိတ်အေးစေဖို့ ဘယ်လိုပြင်ဆင်ကြမလဲ

blank

အမျိုးသမီးတစ်ယောက်အနေနဲ့ ငွေကြေးနဲ့ပတ်သက်ပြီး  စိတ်မညစ်ရစေဖို့ ကြိုတင်ပြင်ဆင်ထားသင့်တာတွေကတော့….

  • ကိုယ်တကယ်စုနိုင်မယ့်ငွေကြေးပမာဏကို သတ်မှတ်ပြီး ငွေစုမယ့်အစီအစဉ်တွေ ဆွဲထားပါ။
  • ဝင်ငွေနဲ့ပတ်သက်ပြီး သုံးသပ်ပါ။ ကျွမ်းကျင်တဲ့ငွေကြေးစီမံသူတွေဆီက ရင်းနှီးမြှုပ်ဖို့အတွက် အကြံဉာဏ်တွေ တောင်းခံပါ။  ရင်းနှီးမြှုပ်နှံမှုအကြောင်း အဆိုးအကောင်းတွေကိုလည်း နားလည်အောင် လေ့လာထားပါ။
  • ငွေကြေးနဲ့ပတ်သက်ပြီး လူအများစုမှားတတ်တဲ့အမှားတွေကို သင်ခန်းစာယူပြီး နည်းလမ်းသစ်တွေ ရှာဖွေပါ။ ကိုယ့်ရောက်ချင်တဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်နဲ့ ကိုယ့်ဘဝလိုအပ်ချက်တွေကိုလိုက်ပြီး  ငွေကြေးရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်တွေ ချမှတ်ထားပါ။
  • ရင်းနှီးမြှုပ်နှံဖို့ လုံလောက်တဲ့အချိန်တစ်ခုသတ်မှတ်ထားပါ။ ဘယ်ချိန်ကနေ ဘယ်ချိန်အတွင်းမှာ ငွေဘယ်လောက်ရရမယ်ဆိုပြီး အချိန်တစ်ခုသတ်မှတ်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • အနာဂတ်လိုအပ်ချက်တွေအတွက်  အခုချိန်ကတည်းက ကြိုတင်စဉ်းစားထားပါ။ အမျိုးသမီးတစ်ယောက်အနေနဲ့ အရေးပေါ်ပြဿနာတွေအတွက် အဆင်သင့်ဖြစ်နေစေဖို့ အပိုငွေဆောင်ထားပါ။
  • ငွေကြေးအတွက် လုံခြုံမှုရှိအောင် လိုအပ်တဲ့စာချုပ်စာတမ်းတွေ လုပ်ထားပါ။ နည်းပညာတွေကို အသုံးပြုပါ။
  • အမျိုးသမီးတစ်ယောက်ရဲ့  တစ်နိုင်တစ်ပိုင်ဝင်ငွေကလည်း မိသားစုအတွက် ငွေကြေးဝန်တွေကို လျော့နည်းစေပါတယ်။ ဘဝအာမခံချက်ရှိဖို့ အနာဂတ်အတွက် ငွေရင်းနှီးမြှုပ်နှံထားပါ။
  • လိုအပ်ချက်တွေအတွက် ကဏ္ဍခွဲဝေသုံးစွဲတတ်ဖို့ဟာ အရေးအကြီးဆုံးအချက်ပါပဲ။

စာချစ်သူပျိုမေတို့ဘဝ နောင်ရေးစိတ်အေးရစေဖို့ ဒီအချက်လေးတွေကို လက်တွေ့အသုံးချကြည့်ပါနော်။