ချမ်းသာတယ်ဆိုတာ ငွေကြေးတစ်ခုတည်းကို ဆိုလိုတာလား။

blank

၁။ ပိုက်ဆံရှိတဲ့သူနဲ့ ချမ်းသာတဲ့သူဆိုပြီး လူနှစ်စားရှိပါတယ်။

       – ကိုကိုး ရှနဲလ် (Coco Chanel)

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ကိုကိုး ရှနဲလ်ဟာ သူမရဲ့ ရည်ရွယ်ချက်ပြင်းပြမှုနဲ့ စိတ်ဆုံးဖြတ်နိုင်မှုတွေကြောင့် လူသိများပါတယ်။ ဒီအကြောင်းအရာနှစ်ခုကပဲ သူမကို ဖက်ရှင်သမိုင်းမှာ အလွှမ်းမိုးနိုင်ဆုံး ဒီဇိုင်နာတစ်ယောက်ဖြစ်စေခဲ့တာပါ။

ပိုက်ဆံဟာ ဘဝရဲ့ တံခါးတော်တော်များများကို ဖွင့်လှစ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အရာအားလုံးကိုတော့ မဟုတ်ပါဘူး။ ပျော်ရွှင်မှု၊ ချမ်းသာမှုအစစ်အမှန်ဟာ ငွေကြေးထက် အများကြီး ပိုတန်ဖိုးရှိပါတယ်။

၂။ ပိုက်ဆံကို ဂရုမစိုက်ပါဘူး။ ပိုက်ဆံက ကျွန်တော်တို့အတွက် အချစ်တွေ ဝယ်ယူပေးနိုင်တာမှ မဟုတ်ဘဲ။

        – ဘီးတဲလ်စ် (The Beatles)

ဂျွန်၊ ပေါလ်၊ ရင်ဂို နဲ့ ဂျော့ခ်ျ တို့ပါဝင်တဲ့ ဘီးတဲလ်စ်အဖွဲ့ရဲ့ ၁၉၆၄ မှာထွက်ရှိခဲ့တဲ့ အပေါက်ဆုံးသီချင်း “Can’t buy me love” သီချင်းဟာ နားထောင်လို့ကောင်းရုံတင်မကဘဲ ချမ်းသာခြင်းအစစ်အမှန်အကြောင်းကို ဖွဲ့ဆိုထားခြင်းလည်းဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်မှာ ဒီသီချင်းရဲ့ အဓိပ္ပာယ်ကို ဂျာနယ်လစ်တွေက မေးမြန်းခဲ့တဲ့အခါ ပေါလ် မက်ကာ့တ်နေးက “ပိုင်ဆိုင်မှုတွေရှိတာ သိပ်ပြီးတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော် တကယ်လိုချင်တာကို မပေးနိုင်ပါဘူး။” တဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ်ချင်းစာစိတ်နည်းနည်းနဲ့ ကြင်နာမှုလေးနည်းနည်းဟာ ငွေကြေးပမာဏ အမြောက်အများထက် ပိုတန်ဖိုးရှိပါတယ်။

       – ဂျွန် ရက်စ်ကင်းန် (John Ruskin)

ဂျွန် ရက်စ်ကင်းန်ဟာ ဗစ်တိုးရီးယန်းခေတ်တုန်းက အင်္ဂလိပ်စာပေ ဝေဖန်ရေးဆရာတစ်ယောက်ပါ။ တစ်ကမ္ဘာလုံးက ပိုက်ဆံတွေကို ပိုင်ဆိုင်ထားခြင်းဟာ လူကောင်းတစ်ယောက်မဖြစ်စေဘူးဆိုတာကို လက်ခံခဲ့သူပေါ့။

၎။ ပိုက်ဆံဟာ လူတွေကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ခဲ့သလို နောက်လည်းလုပ်ပေးနိုင်မှာလည်းမဟုတ်ပါဘူး။ သူ့ရဲ့ သဘာဝကိုက ပျော်ရွှင်မှုတွေကို ထုတ်ပေးနိုင်တဲ့အရာမဟုတ်ဘူးလေ။ ငွေဆိုတာ ကျွန်တော်တို့ကို ရလေလိုလေနဲ့ ပူလောင်စေတဲ့ အရာတစ်ခုပါပဲ။

– ဘန်ဂျမင် ဖရန်ကလင် (Benjamin Franklin)

ဘန်ဂျမင် ဖရန်ကလင်ရဲ့ မိဘတွေဟာ သူ့ကို အသက် (၁ဝ) နှစ်အထိပဲ ကျောင်းထားနိုင်ခဲ့ပေမယ့် သူဟာ အမေရိကန်ဒေါ်လာ တစ်ရာတန်ပေါ်မှာ သူ့ရုပ်ပုံကို ရိုက်နှိပ်ထားရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ပိုက်ဆံဘယ်လောက်ပဲရှိရှိ လုံလောက်သွားတယ်ဆိုတာမရှိပါဘူး။

၅။ ပိုက်ဆံကလွဲပြီး ဘာအကျိုးအမြတ်မှမရတဲ့ လုပ်ငန်းတစ်ခုဟာ မအောင်မြင်တဲ့ လုပ်ငန်းတစ်ခုပါ။

          – ဟင်နရီ ဖို့ဒ် (Henry Ford)

ကမ္ဘာကျော်ဖို့ဒ်ကား ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ ဟင်နရီဖို့ဒ်က “အလုပ်ဆိုတာ ပိုက်ဆံပဲရှာနေရလောက်တဲ့အထိ မရိုးရှင်းဘူး” လို့ အမြဲပြောခဲ့ပါတယ်။

စာချစ်သူတို့သဘောကျရတဲ့ ငွေကြေးဒဿနလေးတွေရှိရင်လည်း မျှဝေခဲ့ပါဦးနော်။