ငွေကြောင့်ခေါင်းကိုက်နေရတယ်ဆိုရင်….။

blank

စာချစ်သူတို့ရေ….။

“ လတွေသာကုန်သွားပါတယ်။ ငွေတွေကြိုးစားရှာသော်လည်း။ လဝက်ကျော်လာရင် ငွေပြတ်လာတယ်” လို့ ညည်းညူမိပြီး ခေါင်းကိုက်နေရတယ်ဟုတ်။ ငွေဆိုတာမျိုးကလည်း အလာတုန်းက နှေးနှေး ပြန်ထွက်သွားတော့ ပြေးပြေးနဲ့ဆိုသလိုပဲ အဝင်ခက်အထွက်လွယ်တယ်မဟုတ်လား။ ဒါ့ကြောင့် ငွေပြဿနာကြောင့် ခေါင်းခဲနေတဲ့ စာချစ်သူတို့အတွက် ငွေစီမံပုံနည်းတချို့ကို တင်ဆက်ပေးလိုက်ပါတယ်နော်။

နံပါတ်(၁) က ငွေက ဘာ့ကြောင့်ခေါင်းကိုက်စေတာလဲဆိုတာကို စဉ်းစားပါ။ ဆိုလိုတာက ဘယ်အရာတွေမှာ မရှိမဖြစ်သုံးဖို့ လိုကို လိုနေတာလဲ။ သင်ငွေသုံးကိုသုံးနေရတဲ့ အရေးအကြီးဆုံးနေရာ (၃) ခုကို ရွေးချယ်ပါ။ ဝင်ငွေရတာနဲ့ အဲ့ဒီအရာတွေအတွက် ဖယ်ထားပါ။

နံပါတ် (၂) ကတော့ ပေးစရာတွေကို သေးသေးလေးတွေဖြစ်အောင် ပိုင်းခြားပစ်ပါ။ နည်းနည်းချင်းစီ ဆပ်သွားပါ။ ဘယ်လမှာ ဘယ်အကြွေးတွေ ဆပ်ပစ်မယ်လို့ ချရေးထားပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။ သေရေးရှင်ရေးကလွဲရင် ပိုက်ဆံဘယ်တော့မှ မချေးပါနဲ့။

နံပါတ်(၃) ကတော့ လက်တွေ့ကျပါ။ ဆိုလိုတာက မိမိသုံးစရာရှိတာတွေကို မတွေးဘဲ ငွေဘယ်လောက်စုပစ်လိုက်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ ပန်းတိုင်တွေမချမှတ်ထားပါနဲ့။ အဲ့ဒီပန်းတိုင်တွေက ငွေစုမိမစုမိ မသေချာပေမယ့် သင့်ကိုစိတ်ဓာတ်ကျစေမှာ၊ ဖိအားများစေမှာတော့ အသေအချာပါပဲ။

နံပါတ်(၄) ကတော့ ကျွန်မတို့အားလုံး သိထားပေမယ့် ကျင့်သုံးဖို့ ခက်နေတဲ့အချက်ပါ။ ငွေဘယ်လောက် ဝင်မလဲဆိုတာထက် ဘယ်လောက်ပဲ သုံးမယ်ဆိုတာကို သတ်မှတ်ထားပါ။ မလိုအပ်ဘဲ အပြင်မှာဝယ်စားတာ၊ မြင်မြင်သမျှလိုချင်တာ၊ ဆန္ဒနဲ့ လိုအပ်ချက်ကို မကွဲတာတွေကို ရှောင်ပါ။ ပြောရရင်တော့ “ဆန္ဒနဲ့ ရိက္ခာကို အမြဲချင့်ချိန်ပါ”။

နံပါတ်(၅) ကတော့ အသေးအဖွဲလေးတွေကနေ စစုပါ။ တစ်လမှာ တစ်သောင်းက ဘာမှမထူးခြားပေမယ့် နည်းနည်းချင်းစစုကြည့်ပါ။ “အရေးပေါ်အသုံးစရိတ်” ကို လုံးဝထိဖို့ မကြိုးစားပါနဲ့။

ကဲ… သင်ကော ငွေကြောင့်ခေါင်းကိုက်နေရတုန်းလား။