အောင်မြင်မှုဆီရောက်ဖို့ ဘယ်လိုသွားကြမလဲ

blank

စာချစ်သူတို့ရေ….

ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုယ် မေးဖူးပါသလား။

၁။ ငါ ဘာလိုချင်တာလဲ။

၂။ ဘာ့ကြောင့် လိုချင်တာလဲ။

၃။ ဘယ်လိုရအောင်လုပ်မလဲ။

လူအများစုဟာ ကိုယ်ရည်မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် လွယ်လွယ်လက်လျှော့တတ်ကြတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့အရာတွေအတွက် သတ္တိရှိပါ။ နောက်မဆုတ်တမ်း ကြိုးစားပါ။ အမှားတွေလုပ်မိရင်လည်း ကိုယ့်အမှားကိုယ် နားလည်ပါ။ သူတစ်ပါး အမှားလုပ်မိရင်လည်း နားလည်ပေးပါ။ လူ့သဘာဝအရ ကိုယ်အမှားလုပ်မိရင် ကိုယ့်တစ်ယောက်တည်းကိုပဲ ဝိုင်းအပြစ်တင်တတ်ကြပြီး ကိုယ်အောင်မြင်မှုရရင် အများနဲ့လည်း သက်ဆိုင်သွားကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘာပဲဖြစ်ဖြစ် ကိုယ်ဘာလိုချင်လဲဆိုတာနဲ့ ဘာကြောင့် လိုချင်တာလဲ နားလည်ပါ။ ပထမတစ်ခေါက်ကြိုးစားကြည့်လို့ မအောင်မြင်ရင် ဘာကြောင့်မအောင်မြင်ရလဲ ဆန်းစစ်ပါ။ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ပါ။ ကိုယ်လိုချင်တဲ့အရာအတွက် ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့။

ဒီစာစောင်လေးကနေ သင့်အတွက် စိတ်ဓာတ်ခွန်အားတွေရလိုက်တယ်ဆိုရင်  SHARE လိုက်တော့နော်။