စိတ်အားထက်သန်မှုစွမ်းပကားတွေနဲ့ အောင်မြင်မှုကို သိမ်းပိုက်နိုင်စေဖို့

blank

လူတိုင်းမှာ စိတ်ကူးအိပ်မက်ကိုယ်စီရှိကြပေမဲ့ လက်တွေ့ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားနိုင်တဲ့သူက လူ နည်းစုပဲရှိပါတယ်။ တချို့က အိပ်မက်ခရီးအစမှာတင် လက်လျှော့အရှုံးပေးသွားပြီး တချို့တွေက အိပ်မက်ပန်း တိုင်ဆီရောက်ခါနီးမှာ ခြေကုန်လက်ပန်းကျသွားကြပါတယ်။ ထက်သန်တဲ့ဇွဲလုံ့လဝီရိယတွေနဲ့ လျှောက်လှမ်း ကြသူတွေမှသာ အောင်မြင်မှုကို သိမ်းပိုက်နိုင်ကြတာပါ။ ဒါကြောင့် ဘဝခရီးအတွက် အရေးကြီးဆုံးဖြစ်တဲ့ စိတ် အားထက်သန်မှုစွမ်းပကားတွေကို ဘယ်လိုမွေးမြူကြမလဲဆိုတာ ဖတ်ကြည့်ကြရအောင်နော်။

၁။ ကိုယ်တကယ်စိတ်ပါဝင်စားတဲ့အရာကို သိပါ။ ဒါမှသာ စိတ်အားထက်သန်စွာနဲ့ ကြိုးစားလုပ်ကိုင်နိုင် မှာ ဖြစ်ပါတယ်။

၂။ အမြဲတမ်းမျက်စိဖွင့်နားစွင့်ပြီး အမြင်ကျယ်ပါ။ ဒါမှသာ ကိုယ့်အိပ်မက်တွေဆီ ရောက်အောင်သွားနိုင် မယ့် နည်းလမ်းတွေရှာဖွေတွေ့ရှိပြီး ခရီးတွင်မှာဖြစ်ပါတယ်။

၃။ အရှုံးမပေးတတ်တဲ့စိတ်ကို မွေးမြူထားပါ။ ဒါမှသာ စိန်ခေါ်မှုနဲ့အခက်အခဲတွေကြုံလာတဲ့အခါ လဲရင် ပြန်ထပြီး အောင်မြင်မှုဆီရောက်အောင် သွားနိုင်မှာဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကိုယ်ပိုင်စွမ်းအားအပေါ် သံသယစိတ်နဲ့ တွေဝေမှုတွေကို ဖယ်ရှားပစ်လိုက်ပါ။ ဒါမှသာ ကိုယ့်ရဲ့ကြိုး စားအားထုတ်မှုတွေကို သံသယစိတ်နဲ့ နှောင့်နှေးမခံဘဲ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရှေ့ကို ခရီးဆက်နိုင် မှာဖြစ်ပါတယ်။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ဒါမှသာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရဲ့စွမ်းပကားတွေနဲ့ အိပ်မက်တွေ တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

ဂန္ထဝင်ချစ်ပရိသတ်ကြီးအားလုံးလည်း စိတ်ထက်သန်ပြင်းပြမှုတွေနဲ့ ကိုယ်ရည်ရွယ်ရာပန်းတိုင် ဆီ အောင်မြင်စွာရောက်ရှိနိုင်ကြပါစေ။ ဆောင်းပါးလေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။