သူများတွေလိုမတော်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်အားငယ်နေတဲ့ ညီမလေးဖတ်ဖို့

blank

ညီမလေးရေ…

တက္ကသိုလ်ကျောင်းသူကြီးတောင် ဖြစ်နေပြီ။ အခုချိန်ထိ အားငယ်တတ်တုန်းလား။ ညီမလေး သူငယ်ချင်းတွေအားလုံးက ညီမလေးထက် ပိုတော်ကြတယ်တဲ့လား။ သူတို့ဘဝတွေက ညီမလေး ဘဝထက် အစစအရာရာ ပိုပြည့်စုံပြီး ပျော်ရွှင်ဖို့ ကောင်းတယ်တဲ့လား။

မမကျောင်းတက်တုန်းကလည်း အဲ့ဒီလိုခံစားခဲ့ရဖူးတယ်။ ဘယ်လောက်ပဲကြိုးစားကြိုးစား အဲ့ဒီ ထက်ပိုကောင်းအောင် မမ လုပ်နိုင်သေးတယ်လို့ အမြဲတမ်းခံစားရတယ်။ မမ ဘေးက လူတွေအားလုံး ဟာ မမထက် အောင်မြင်နေကြတယ်။ အဆင်ပြေနေကြတယ်လို့ပဲ မြင်နေတယ်။ သူတို့လိုဖြစ်ဖို့ အ များကြီးကြိုးစားရဦးမယ်လို့ ထင်နေတယ်။ ဒါဟာ လူငယ်အတော်များများရဲ့ပြဿနာပါပဲ။

တကယ်တော့ ပြီးပြည့်စုံတဲ့ဘဝမရှိပါဘူး ညီမလေးရေ။ လူတိုင်းကလည်း ညီမလေးတို့ မမတို့ ထင်နေသလို ပျော်စရာအကောင်းဆုံးတွေချည်း ပိုင်ဆိုင်ထားနေကြတာမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဥပမာ- စာတော်တဲ့ကျောင်းသားတစ်ယောက်ဟာ အတန်းထဲမှာ အမြဲတမ်း အဆင့်တစ်တွေ ချည်းရနေတယ်။ ဒါပေမဲ့ စာမှစာချည်းဖြစ်နေတဲ့ သူ့အနားမှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ အွန် လိုင်းပေါ်မှာ အကောင်းတကာ့အကောင်းဆုံးတွေချည်းတင်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ တကယ့်အပြင်လက်တွေ့ဘဝမှာ ရုန်းကန်နေရတယ်။

ဆိုလိုတာက လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်မှုတွေ ရှိနေကြတာပါ ညီမလေးရေ။

ကျောင်းသားဘဝဆိုတာလည်း ကျော်ဖြတ်စရာတွေအများကြီးပါပဲ။ ပညာရေး၊ လူမှုရေး၊ အ လုပ်၊ ကျန်းမာရေးနဲ့ ဘေလ်ထည့်ရတာကအစ ဝန်ထုပ်ဝန်ပိုးတွေ ရှိနေတာပါ။ တချို့လူတွေရဲ့ ဘဝ အဆင်ပြေနေတာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူအများစုရဲ့ဘဝက ညီမလေးထင်သလို ပြီးပြည့်စုံနေ ကြတာမဟုတ်ပါဘူး။ ပြီးတော့ လူဆိုတဲ့အမျိုးကလည်း ဘယ်လောက်ပဲ အကောင်းဆုံးတွေ လုပ်နေပါ စေရောင့်ရဲကျေနပ်မှုမရှိတတ်ပါဘူး။ ကိုယ့်ထက်သာတဲ့သူတွေကို ကြည့်တယ်။ သူတို့လို အောင်မြင် ချင်တယ်။ ပိုကောင်းအောင်လုပ်ချင်တယ်။ ဒါနဲ့ပဲ မောနေပါတယ်။

တကယ်တော့ အောင်မြင်တဲ့ဘဝဆိုတာ ညီမလေးထင်နေသလို ပြီးပြည့်စုံမှုရှိနေတဲ့ ဘဝ မ ဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့အကောင်းဆုံးကိုလုပ်ပြီး ပျော်ရွှင်ကျေနပ်စိတ်မွေးတာကမှ အောင်မြင် တဲ့ဘဝပါ။ လူဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်နေတာပါ။ ညီမလေးရဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင် ထားနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟာ ညီမလေးကိုယ်တိုင်ပါ။ ဒါပေမဲ့ မရောင့်ရဲ နိုင်တဲ့စိတ်တွေ ကြောင့် ညီမလေးရဲ့မျှော်လင့်ချက်တွေကို သိမ်ငယ်သွားတာ၊ ညီမလေးကိုယ်ညီမလေး အားငယ်သွား စေတာမျိုးတွေတော့ ဘယ်တော့မှ အဖြစ်မခံပါနဲ့။

ပြီးတော့ တခြားသူတွေကိုမေးကြည့်ပါ။ သူတို့လည်း ညီမလေးဘဝကို သူတို့ထက် ပြီးပြည့်စုံ တယ်လို့ ထင်နေတာကို တွေ့ရမှာပါ။ ဒါဟာ လူ့သဘာဝပါပဲ။

ဒါကြောင့် ညီမလေးရေ… အားငယ်စိတ်တွေကို ဖျောက်ပါ။ ဒီနေ့ဟာ ညီမလေးရဲ့ ဖြစ်တည်မှုနဲ့ ညီမလေးရဲ့လုပ်နိုင်စွမ်းကို လက်သင့်ခံပေးရမယ့် အချိန်ပါပဲ။ ပြီးပြည့်စုံတဲ့သူ မရှိနိုင်ဘူးဆိုတာ သင်ယူ ဖို့ အချိန်ပါပဲ။ ယုံပါ။ ညီမလေးဟာ ညီမလေးလုပ်နိုင်တယ်ဆိုတဲ့ အကောင်းဆုံးတွေနဲ့တင် အကောင်းဆုံးလူတစ်ယောက်ဖြစ်နေပြီးသားပါနော်။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။