အလုပ်သာလုပ်နေတာ မစုဆောင်းမိဘူးဆိုသူများသို့…။

         အလုပ်သာလုပ်နေတာ ဘာမှလည်း မစုဆောင်းမိဘူးဆိုတဲ့ သူများအနေနဲ့ လိုက်နာရမယ့် စည်းကမ်းကတော့ တစ်ခုတည်းပါ။ အဲ့ဒါကတော့ “ဝင်ငွေထက် လျှော့သုံးပါ” တဲ့။ လူအများစုဟာ အချိန်ပြည့်အလုပ်လုပ်နေကြပေမယ့် ကိုယ်ရှာနိုင်တဲ့ ပမာဏထက်လည်း ပိုသုံးမိနေတတ်ကြပါတယ်။ တကယ်တော့ ရှာနိုင်တာထက် လျှော့သုံးရမယ်ဆိုတာဟာ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လူအများစုလို ဒီနေ့လစာထုတ်၊ ဒီနေ့ကုန်ပြီး ပိုက်ဆံချေးငှားနေရတဲ့ ဘဝကနေ ရုန်းထွက်ချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီးတော့ ကိုယ့်အသုံးစရိတ်တွေကို အသေးသုံးလေးတွေက အစ သေချာချရေးထားပါ။ သင့်လစာတွေ လောက်ငှစေဖို့ ဒီနေ့ပဲ စတင်လျှော့သုံးလိုက်ပါတော့။