ဘဝမှာ ငွေက အရေးကြီးဆုံးလို့ ထင်နေသူတွေအတွက် ဒါလေးကိုဖတ်ကြည့်ပါ။

blank

အလီဘာဘာ(Alibaba)တည်ထောင်သူ ဘီလျံနာဂျက်မား(Jack Ma)ဟာ ဒီလိုပြောခဲ့ပါတယ်……

“မျောက်တွေရှေ့မှာ ပိုက်ဆံနဲ့ ငှက်ပျောသီး အတူချပေးထားမယ်ဆိုရင် မျောက်တွေဟာ ငှက်ပျောသီးကိုပဲ ယူသွားကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီပိုက်ဆံနဲ့ ငှက်ပျောသီးအများကြီးဝယ်လို့ရတယ်ဆိုတာ မျောက်တွေက မသိကြလို့လေ။

ကျွန်တော်တို့လက်တွေ့ဘဝမှာလည်း လူတွေရှေ့မှာ ပိုက်ဆံနဲ့ ကျန်းမာရေးကို အတူချပေးထားမယ်ဆိုရင် လူတွေက ပိုက်ဆံကိုပဲ ရွေးချယ်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးက ငွေနဲ့ပျော်ရွှင်မှုကို ယူဆောင်ပေးနိုင်တယ်ဆိုတာ လူတော်တော်များများက မသိကြလို့လေ။”

သင်ကော အရင်က ငွေကပိုအရေးကြီးတယ်လို့ ထင်ခဲ့ဖူးသူလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။