စိတ်ဓာတ်ကျနေလား… ဘဝမှာ ပင်ပန်းဝမ်းနည်းနေပြီလား။

blank

စာချစ်သူတို့ရေ…။

လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် ဘဝကို လက်မြှောက်အရှုံးပေးချင်နေပြီလား။

အဆုံးအစမဲ့တဲ့ လှိုက်ခေါင်းထဲမှာ ပိတ်မိနေသလို ခံစားရနေပြီး အလင်းရောင်ဆိုတာ ဘယ်ဆီမှာမှန်း မျှော်မှန်းလို့မရနိုင်လောက်အောင် စိတ်ဓာတ်ကျနေပြီလား။ ဘဝသာ အဆုံးသတ်သွားရင် ပြဿနာတွေလည်း ပြီးသွားမယ်လို့ ထင်နေလား။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းဆိုတာ ခဏတာရောက်လာမယ့် ပြဿနာတွေကို ဘယ်တော့မှပြင်မရတော့မယ့် ဖြေရှင်းနည်းကိုသုံးပြီး ဖြေရှင်းခြင်းပါပဲ။ တကယ်ကော ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ရင် ပြဿနာတွေက ပြီးသွားရောလား။

လူတိုင်းလူတိုင်းရဲ့ ဘဝမှာ စိတ်ဓာတ်ကျတဲ့အခိုက်အတန့်၊ ဝမ်းနည်းစရာအချိန်တွေနဲ့ အားငယ်သိမ်ငယ်စရာတွေနဲ့ ကြုံရတတ်ပါတယ်။ ဒါတွေဟာ ကိုယ့်ကိုတစ်ဆင့်မြင့်တဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ အခွင့်အရေးတစ်ခုပါလို့ပြောရင် ယုံမလား။ ညနက်လာတဲ့ ပိုပိုပြီးမှောင်လာခြင်းဟာ မနက်ခင်းနဲ့ပိုပိုပြီးနီးလာခြင်းပဲ မဟုတ်လား။ စိတ်ဓာတ်ကျဝမ်းနည်းတဲ့အခါ၊ ကျရှုံးသွားတဲ့အခါ ထပါ။ လျှောက်ရမယ့်လမ်းကို ဆက်လျှောက်ကြည့်ပါ။

ပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်ကိုလှုပ်ရှားခြင်းဟာ သင့်ရဲ့ဦးနှောက်ကိုလည်း ပြောင်းလဲစေတယ်။ အတွေးသစ်တွေကို မွေးဖွားစေတယ်။  စာသင်ခန်းထဲမှာ၊ အလုပ်ထဲမှာပဲ နစ်မြှပ်မနေဘဲ နေ့တိုင်းနေ့တိုင်းမှာ လေ့ကျင့်ခန်းအတွက် အချိန်ပေးဖို့ ကြိုးစားကြည့်ပါ။ သင့်ခန္ဓာကိုယ်၊ အတွေးတွေ၊ ခံစားမှုတွေမှာ သက်ရောက်မှုတွေရှိစေတယ်ဆိုတာကို တွေ့လာပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အိမ်ထဲ၊ အခန်းထဲ၊ အတွေးတွေထဲ နစ်မွန်းနေတာက သင့်ကိုပိုပြီးတော့ စိတ်ဓာတ်ကျစေတယ်။ ပြဿနာတွေအကြောင်း ပိုပြီးတွေးမိစေတယ်။ ပြဿနာတွေအကြောင်းပဲ တွေးမိနေတယ်ဆိုရင် အဖြေကိုဘယ်တော့မှတွေ့နိုင်မှာ မဟုတ်ပါဘူး။ ဖြေရှင်းနည်းတွေအကြောင်းစဉ်းစားမှသာ စိတ်ဓာတ်ကျခြင်းဆိုတဲ့ ဝင်္ဂပါထဲက ထွက်နိုင်မှာပါ။ သဘာဝတရားနဲ့ ဆက်သွယ်ထိတွေ့ခြင်းဟာ မိမိစိတ်တွင်းမှာ အကျဉ်းကျနေခြင်းကနေ လွတ်မြောက်နိုင်မယ့်နည်းလမ်းတစ်ခုဆိုတာကို မှတ်ထားပါ။

စိတ်ဓာတ်ကျဝမ်းနည်းနေပြီဆိုရင် …

ချွေးထွက်အောင်နေပါ။

ကိုယ့်ကိုယ်ကိုယ်အလုပ်တွေခိုင်းပါ။

ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူတွေကို ရင်ဖွင့်ပါ။

ဒုက္ခတွေအပါအဝင်လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတာ နှလုံးသွင်းပါ။

အသစ်တွေကို လေ့လာသင်ယူပါ။

အောင်မြင်နေတဲ့သူ အနည်းနဲ့အများဟာ စိတ်ဓာတ်ကျဝမ်းနည်းမှုတွေ အခက်အခဲအတားအဆီးတွေကို ကျော်လွှားပြီးမှ အဲ့ဒီနေရာကို ရောက်သွားတယ်ဆိုတာကို သတိရပါ။

မှောင်နေတဲ့ညနက်ပြီးရင် အာရုဏ်ဦးရောက်လာစမြဲပါပဲ။