ပေါ့ပေါ့ပါးပါးနဲ့ဇွဲရှိရှိ ငွေစုနိုင်မယ့် နည်းလမ်း ၆ မျိုး

           “ငွေရှာတော့ ရှာနေတယ်။ ထင်သလောက် မစုမိဘူး” လို့ ညည်းတွားမိနေလား။ အဲ့ဒါဆိုရင်တော့ သင်ငွေသုံးနေတဲ့ ပုံစံနဲ့ ငွေစုတဲ့ပုံစံတွေမှာ တစ်ခုခု လွဲနေတာ ဖြစ်ရမယ်။ သင့်အတွက် ငွေစုနည်းလေးတွေကို ဂန္ထဝင်က တင်ဆက်ပေးလိုက်ပါတယ်။

၁။ စာအိတ်တွေထဲမှာ ခွဲချန်စုနည်း (envelope method)

အရေးကြီးကုန်ကျစရိတ်တွေအတွက် စာအိတ်တစ်အိတ်သီးသန့်ထားပါ။ စာအိတ်ပေါ်မှာ လိုအပ်တာတွေအားလုံးအတွက် ဆိုပြီးစာရေးထားပါ။ ဒီစာအိတ်ဟာ သင့်နေထိုင်မှုပုံစံပေါ် မူတည်ပြီး အစားအစာ၊ အဝတ်အစား၊ ဆေးဝါး၊ ကား၊ အပျော်အပါး စတာတွေအတွက် သုံးစွဲပါ။

ဝင်ငွေအားလုံးကို စာအိတ်တွေထဲထည့်ပြီး နံပါတ်တွေတပ်ထားပါ။ ငွေအသုံးလိုတဲ့အခါ သက်ဆိုင်ရာအိတ်ကို ယူသုံးပါ။ တကယ်လို့ အပျော်အပါးအတွက်သုံးမယ့်ငွေကုန်သွားရင် အပျော်အပါးတွေ လျှော့ပေါ့။ တကယ်လို့ အစားအစာလိုမျိုး အရေးကြီးတာတွေသုံးမယ့်စာအိတ်မှာ ငွေကုန်သွားရင် အရေးသိပ်မကြီးတာအတွက် သုံးမယ့်စာအိတ်ထဲကငွေကို ယူသုံးပါ။ ရှေ့လျှောက်သုံးမယ့် အသုံးစရိတ်စုစုပေါင်းကို တွက်ချက်ပြီး စာအိတ်ထဲကို အသီးသီးထည့်ထားပါ။

သုံးပြီးလို့ကျန်တဲ့ငွေတွေကို သင့်ရည်မှန်းချက်တွေပေါ် မူတည်ပြီး စုဆောင်းထားပါ။

၂။ စာအိတ် ၄ အိတ်နည်းလမ်းကတော့
  • အရင်ဆုံး သင့်ဝင်ငွေပမာဏအားလုံးကို ရေတွက်ပါ။
  • အသုံးစရိတ်ကြီးကြီးမားမားအတွက် ၁ဝ-၂ဝ% ငွေခွဲချန်ထားပါ။
  • ပုံမှန်ကုန်ကျစရိတ်တွေအတွက် ငွေခွဲချန်ထားပါ။
  • ကျန်ငွေကို စာအိတ်၎ အိတ်ထဲ ခွဲထည့်ထားပြီး တစ်ပတ်ကိုတစ်အိတ်သုံးပါ။ စာအိတ် ၄ အိတ်ထဲကငွေတွေဟာ အစားအစာ၊ အပျော်အပါး၊ သွားလာရေး စတာတွေအတွက်ပါ။
၃။ ထက်ဝက်နည်းလမ်းကတော့
  • သင့်ငွေအားလုံးကို နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းကို နေ့စဉ်အသုံးစရိတ်တွေအတွက်နဲ့ ကျန်တစ်ပိုင်းကို ဘဏ်အကောင့်ထဲ သွင်းထားရမှာပါ။ လက်ထဲမှာ အသုံးစရိတ်ပြတ်သွားရင် ဘဏ်ထဲက ငွေတစ်ဝက်ကို ထုတ်သုံးပါ။
၎။ ၁ဝ% နည်းလမ်းကတော့
  • ဝင်ငွေအားလုံးရဲ့ ၁ဝ% ကို စုထားရမှာပါ။ ငွေပမာဏအနည်းငယ်က သင့်အသုံးစရိတ်အတွက် မထိခိုက်နိုင်ပါဘူး။ ဒီငွေပမာဏအနည်းငယ်ကို ဘဏ်မှာ စုထားရင်လည်း သုံးပစ်မိမှာပူစရာမလိုတော့တာကြောင့် ပိုကောင်းပါတယ်။ ၁ဝ%၊ ၁၅%၊ ၂ဝ% စသဖြင့် လွယ်လွယ်နဲ့ တိုးစုသွားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ၆ဝ/၁ဝ/၁ဝ/၁ဝ/၁ဝ နည်းလမ်းကတော့

– အဓိကအသုံးစရိတ်အတွက် ၆ဝ%

– အိုစာမင်းစာအတွက် ၁ဝ%

– ရေရှည်အသုံးစရိတ်အတွက် ၁ဝ%

– တစ်ခါတလေအသုံးစရိတ်အတွက် ၁ဝ%

– အပန်းဖြေဖို့အသုံးစရိတ်အတွက် ၁ဝ%

  • အဓိကအသုံးစရိတ်ထဲမှာ အစားအစာ၊ အသုံးအဆောင်၊ သွားလာရေးနဲ့ အဝတ်အစားတွေ ပါဝင်ပါတယ်။ ကားဝယ်တာ၊ အိမ်သစ်ဆောက်တာ၊ အကြွေးပေးတာတွေဟာ ရေရှည်အသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။ ကားပြင်တာ၊ ဆေးခန်းပြတာ၊ ဈေးကြီးတဲ့လက်ဆောင်တွေဝယ်ပေးတာ စတာတွေက တစ်ခါတလေမှသုံးတဲ့ အသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။
  • တကယ်လို့ သင့်မှာ အကြွေးတွေများနေတယ်ဆိုရင် အိုစာမင်းစာအတွက် ၁ဝ% စုပြီးမှ အကြွေးတွေဆပ်ပါ။
၆။ ၂ဝ/၈ဝ နည်းလမ်းကတော့

– အကြွေးတွေရှိရင် ငွေအကြေဆပ်ပါ။

– လစဉ်ဝင်ငွေရဲ့ ၂ဝ%ကို ရင်းနှီးမြုပ်နှံပါ။ ဒါမှမဟုတ် စုဆောင်းပါ။

– သင်လိုအပ်တာတွေအားလုံးအတွက် ဝင်ငွေရဲ့ ၈ဝ% ကို သုံးစွဲပါ။ ငွေကို အရင်စုပြီးမှ သုံးပါ။

ငွေစုတော့မယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို လက်တွေ့သုံးကြည့်ပါနော်။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။