မာသာထရီဇာ (Mother Teresa) ရဲ့ အဆိုအမိန့်များ

၁။ လူတွေဟာ တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။ ခွင့်လွှတ်လိုက်ပါ။

၂။ သင့်ကြင်နာမှုတွေအပေါ်မှာ ဘယ်သူတွေပဲ သံသယဝင်ဝင် ဆက်လက်ကြင်နာပါ။

၃။ အောင်မြင်လာတဲ့အခါမှာ သင့်အပေါ် မကောင်းတဲ့သူအားလုံးကို အနိုင်ရပါလိမ့်မယ်။ အောင်မြင်အောင်သာ ဆက်လုပ်ပါ။

၎။ သင်နှစ်နဲ့ချီပြီး ကြိုးစားခဲ့ရတဲ့အရာတစ်ခုကို တခြားသူတစ်ယောက်က တစ်ညတည်းနဲ့ဖျက်ဆီးလိုက်ရင်တောင် ဆက်လက်ကြိုးစားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်ရိုးသားမှုကို ဘယ်သူတွေပဲ အခွင့်အရေးယူယူ ဆက်လက်ရိုးသားပါ။

၆။ သင်ပျော်ရွှင်နေလို့ မနာလိုသူတွေရှိလာရင်တောင် ပျော်ပျော်ရွှင်ရွှင်ဆက်နေပါ။

၇။ သင် လုပ်လိုက်တဲ့ ကောင်းတဲ့အရာတစ်ခုကို ဘယ်သူမှအသိအမှတ်မပြုလည်း ကောင်းတာတွေ ဆက်လုပ်ပါ။

၈။ ကမ္ဘာကြီးကို အကောင်းဆုံးတွေပေးနိုင်ဖို့လုပ်ပါ။ ဘယ်တော့မှ လုံလောက်တယ်လို့ ရှိလာမှာမဟုတ်ပေမယ့် အကောင်းဆုံးတွေသာ ဆက်ပေးပါ။

စာချစ်သူတို့လည်း မာသာထရီဆာရဲ့ ဘဝနေနည်းလေးတွေကို သဘောကျတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။