GandaWin International Women’s Day 2019

           အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၁၆ ရက်နေ့ UMFCCI မှာ ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ GandaWin International Women’s Day 2019 ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
 
             လူတိုင်းဟာ ဘဝမှာ အခြေအနေမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ဖြတ်ကျော်ကြရပါတယ်။ တစ်ခါတလေ စိန်ခေါ်မှုတွေနဲ့ ကြုံရတတ်သလို ကျရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ကြရပါတယ်။ အဲ့ဒီအခါ စိတ်ပင်ပန်းမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ပင်ပန်းရင် ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းရဲ့ဘဝမှာ ကျန်းမာဖို့လိုအပ်တာကြောင့် ဒီပွဲလေးမှာ “ အမျိုးသမီးများ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်စေဖို့ ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဘဝအခြေအနေမျိုးစုံကနေ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်အောင် ကြိုးစားနေကြတဲ့ အမျိုးသမီးတွေဖြစ်တဲ့ Fit Slay Queens အဖွဲ့သားတွေက ပါဝင်ဆွေးနွေးထားပါတယ်။
 
 
အားကစားလုပ်လေ့ရှိတဲ့ Fit Slay Queens တွေကို စိတ်အားတက်ကြွစွာ သင်ကြားပေးနေတဲ့ နည်းပြတစ်ယောက်ဖြစ်တဲ့ Eileen အနေနဲ့ မိမိရဲ့ Slay Queens လေးတွေဟာ မိန်းကလေးပီပီပဲများလေ့ရှိပေမယ့် အားကစားလုပ်ဖို့ စိတ်အားထက်သန်မှုရှိကြောင်း၊ ဘဝအခြေအနေမျိုးစုံအတွက် ဆင်ခြေတွေမပေးဘဲ လဲကျရင် ပြန်ထမယ်ဆိုတဲ့စိတ်နဲ့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ဖို့ အားကစားလုပ်သင့်ကြောင်း၊ အမျိုးသမီးတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း စိတ်ဓာတ်ခွန်အားတွေ တိုးအောင်အတူတူကြိုးစားသင့်ကြောင်း ရယ်ရယ်မောမော ဝေမျှသွားခဲ့ပါတယ်။
 
 
Fit Slay Queens တွေထဲက အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ မနန်းဖြူချိုချိုကတော့ …..
 
သူမအနေနဲ့ မိခင်တာဝန်၊ အိမ်ရှင်မတာဝန်တွေကို ကျေပွန်အောင် ကြိုးစားရင်း ကျန်းမာရေးလိုက်စားနေကြောင်း၊
 
 
နောက်ထပ် Fit Slay Queen တစ်ယောက်ဖြစ်တဲ့ ဂန္ထဝင်မဂ္ဂဇင်းရဲ့အယ်ဒီတာချူပ် မ Lach ကတော့…..
 
ရေဘူးထဲမှာ ရေရှိနေရင် တိုက်မှောက်မိတဲ့အခါ ထွက်ကျသလို ကျွန်မတို့စိတ်ထဲမှာ ဒေါသတွေရှိနေလို့သာ ဒေါသရဲ့မကောင်းတဲ့အကျိုးဆက်တွေကို ခံစားနေရကြောင်း၊
ဘဝမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသဖြင့် သူ့နေရာနဲ့သူ ကဏ္ဍတွေခွဲထားသင့်ကြောင်း၊
 
 
နောက်ထပ် Fit Slay Queens ထဲ Foodie တစ်ယောက်ဖြစ်တဲ့ မစုရွှေရည်အောင်ကတော့….
 
ဝိတ်ကို ပုံမှန်ထိန်းညှိချင်တာကြောင့် အားကစားလုပ်နေတာဖြစ်ကြောင်း၊
ဖြစ်ချင်တဲ့ဆန္ဒတွေကို တကယ်ဖြစ်မြောက်အောင် လုပ်သင့်ကြောင်း၊
 
နောက်ထပ် Fit Slay Queen တစ်ယောက်ဖြစ်တဲ့ အေးအေးဆေးဆေးနေတတ်သူ မခိုင်ခိုင်လွင်ကတော့….
 
စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ အားကစားလုပ်နေကြောင်း၊
 
 
နောက်ထပ် Fit Slay Queen တစ်ယောက်ဖြစ်တဲ့ မဝတီမိုးဆက်ကတော့…..
 
ခန္ဓာကိုယ်ကြီးထွားဖို့၊ ကျန်းမာကြံ့ခိုင်ဖို့အတွက် အားကစားလုပ်နေကြောင်း
 
 
နောက်ထပ် Fit Slay Queens တစ်ယောက်ဖြစ်တဲ့ မရတနာရွှေစင်ကတော့……
 
ကျန်းမာရေးအပြင် စိတ်ဓာတ်ခွန်အားတွေရဖို့အတွက် အားကစားလုပ်ရတာဖြစ်ကြောင်း
 
 
နောက်ထပ် Fit Slay Queens တစ်ယောက်ဖြစ်တဲ့ မဝင်းစန္ဒီသော်ကတော့……..
 
Balance ဖြစ်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ကြိုးစားရင်း အားကစားကြောင့် စိတ်ဓာတ်ခွန်အားတွေရကြောင်းကို
Fit Slay Queens အဖွဲ့သားတွေဟာ ဘဝမှာ အခက်အခဲပေါင်းစုံအတွက် ဆင်ခြင်တွေပေးနေမယ့်အစား လက်တွေ့အားထုတ်မှုတွေကြောင့် ရလဒ်ကောင်းတွေ ရလာနိုင်ကြောင်း၊ အားကစားကြောင့် စိတ်ဓာတ်ခွန်အားတွေ ရလာကြောင်း၊ အဖွဲ့သားအချင်းချင်း ရိုင်းပင်းကူညီကြလို့ ပော်ျရွှင်ပြီး စိတ်ဓာတ်ခွန်အားတွေတိုးလာကြောင်း အကျယ်တဝင့် ရှင်းပြခဲ့ကြပါတယ်။
 
 
ဒီပွဲလေးမှာ တက်ရောက်သူတွေအနေနဲ့ ဘဝကို ကဏ္ဍအသီးသီးခွဲဝေပြီး ကျန်းမာကြံ့ခိုင်တဲ့ လူမှုဘဝတွေကို ကြိုးစားတည်ဆောက်နိုင်ကြလိမ့်မယ်လို့ ကျွန်မတို့ဂန္ထဝင်အနေနဲ့ မျှော်လင့်မိပါတယ်ရှင်။
 
 
ပွဲမတက်ရောက်နိုင်သူတွေအတွက် အောက်ကလင့်လေးမှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ >>>https://bit.ly/2ugXWJv #GandaWinWomen #WomenOfMyanmar