GandaWin International Women’s Day 2019

blank
အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၁၆ ရက်နေ့က UMFCCI မှာ GandaWin International Women’s Day 2019 ပွဲလေးကို ဂန္ထဝင်မဂ္ဂဇင်းက စီစဉ်ကျင်းပခဲ့ပါတယ်။
 
 
လူရယ်လို့ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လိုအပ်တယ်လို့ တွေးမိဖူးပါသလား။ ကိုယ့်ကိုယ်ကိုယ် ချစ်ရာမှာ တကယ်ချစ်ရာရောက်လား၊ နှစ်ရာရောက်လားဆိုတာကိုလည်း ခွဲခြားသိထားရပါမယ်။
 
 
မိန်းမသားတွေကို စိတ်ဓာတ်ခွန်အားပေးဖို့ အမြဲကြိုးစားနေတဲ့ ဂန္ထဝင်အနေနဲ့ Gandawin International Women’s Day event လေးမှာ “ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ ” ဆိုတဲ့ခေါင်းစဉ်နဲ့ background အမျိုးမျိုးကနေ ဘဝကိုစိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရပ်တည်ရှင်သန်နေကြတဲ့ အမျိုးသမီးတွေဖြစ်တဲ့ မဝင်းမင်းသန်း၊ တေးရေးစိမ့်နဲ့ မစုမွန်သော်တို့က speaker တွေအဖြစ် ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
 
 
ကျွန်မတို့တွေဟာ ဘယ်လိုမိသားစုမှာ မွေးဖွားလာစေချင်တယ်လို့ ရွေးချယ်လို့မရတဲ့အခါ toxic family တွေမှာ ရောက်နေရင် ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန်ချစ်တတ်ဖို့၊ မှန်ကန်တဲ့ပတ်ဝန်းကျင်ကို ရွေးချယ်တတ်ဖို့အကြောင်းကို မဝင်းမင်းသန်းက ကိုယ်တိုင်အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ရှင်းပြသွားခဲ့ပါတယ်။
 
 
ကိုယ့်ရဲ့ချို့ယွင်းချက်၊ အားနည်းချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ပြီး ဘဝကိုအရှုံးမပေးစရာမလိုဘဲ ကိုယ့်အရည်အချင်းတွေနဲ့ ရဲရဲကြီးကျော်ဖြတ်ခဲ့ကြောင်းကို တေးရေးစိမ့်က အားတက်ဖွယ် ဝေမျှပေးသွားခဲ့ပါတယ်။
 
 
• ကိုယ့်ကိုယ်ကိုယ် နှစ်ရာမရောက်ဘဲ ချစ်ရာရောက်ဖို့ လုပ်သင့်တဲ့အရာတွေ
 
• ပတ်ဝန်းကျင်ကို ဒုက္ခမပေးတဲ့ ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေကို လုပ်ဖို့
• ကိုယ်စွမ်းဆောင်နိုင်တဲ့ အောင်မြင်မှုသေးသေးလေးတွေကစပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တတ်ဖို့အကြောင်းကို မစုမွန်သော်က ဆွေးနွေးသွားခဲ့ပါတယ်။
 
ဘဝရဲ့အခက်အခဲအားလုံးကို ဘယ်လိုစိတ်ဓာတ်ခွန်အားတွေ မွေးပြီး ဘယ်လိုယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်ခဲ့လဲဆိုတာ မျှဝေပေးသွားတဲ့ ဒီပွဲလေးဟာ တက်ရောက်သူတွေအတွက် တကယ်ကို အကျိုးရှိမယ်လို့ ကျွန်မတို့ဂန္ထဝင်အနေနဲ့ မျှော်လင့်မိပါတယ်။
 
မတက်ရောက်လိုက်ရတဲ့သူတွေအတွက် အောက်ကလင့်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။>>>https://bit.ly/2W4tf64
#GandaWinWomen #WomenOfMyanmar