ကယ်လီ ကာလီးလ် (Founder of Loverly)

blank
Photo Reference: http://knowmoreaboutentrepreneurs.blogspot.co.uk/

Loverly ဆိုတာ  မင်္ဂလာဆောင် အခမ်းအနားတွေကို စီစဉ်ကျင်းပပေးတဲ့ အွန်လိုင်း ဘလော့ဆိုဒ် တစ်ခုပါ။ Loverly ရဲ့ အောင်မြင်မှုတွေကတော့ ကြောက်ခမန်းလိလိပါ။ ဒါကြောင့်လဲ ပြိုင်ဖက်တွေဟာ ကယ်လီ ကာလီးလ် (Kelle Khalil)ကိုအမြဲလိုလို ခြိမ်းခြောက်နေခဲ့တာပေါ့။ သူမရဲ့ Loverly ကို ပြိုက်ဖက်ကုမ္ပဏီက ဒေါ်လာ သန်း၇၀ ပေးဝယ်ခဲ့တာတောင် မရောင်းခဲ့ပါဘူး။

ယနေ့မှာတော့ Loverly ကကောင်းမွန်စွာရပ်တည်နိုင်နေပါပြီ။ Loverly မှာ မင်္ဂလာဆောင် လမ်းညွှန်ဘလော့ပေါင်း ၃၅ ခုခန့်ကို ပုံများနဲ့ ဝေဝေဆာဆာ လမ်းညွှန်ဖော်ပြပေးထားပါတယ်။ အသင်းဝင်များအနေဖြင့် လစဉ် မင်္ဂလာဆောင်ပုံများကို သန်း ၃၀ ဝန်းကျင်ခန့်ထိ ဘလော့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သူမဟာစိတ်ဓါတ်ခိုင်မာမှုနဲ့ ထိုးထွင်းကြံဆမှုတွေ ဖန်တီးနိုင်စွမ်းတွေနဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကြရင် Share လိုက်ပါ။