ကလယ်ရာ ရှီး (CEO of Hearsay Social )

Clara Shih
Photo reference, www.forbes.com

Hearsay Social တည်ထောင်သူနှင့် CEO ကလယ်ရာ ရှီး (Clara Shih) ၃၂ နှစ် သည် Hearsay Social လူမှုမီဒီယာလုပ်ငန်းအား တည်ထောင်သူနှင့် CEO တစ်ဦးဖြစ်သည်။ သူမသည် Starbucks ၏ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ တစ်ဦးလည်း ဖြစ်သည်။ အင်ဂျင်နီယာတစ်ဦးအနေဖြင့် နည်းပညာစက်ရုံကို စွန့်ဦးတီထွင် ခဲ့သူလည်း ဖြစ်သည်။ ကျော်ကြားသည့် စာရေးဆရာ၊ နည်းပညာရှင်၊ အောင်မြင်သော စွန့်ဦးတီထွင်သူ စသဖြင့် နယ်ပယ်ကဏ္ဍအမျိုးမျိုးတွင် ထင်ရှားအောင်မြင်သူတစ်ဦးလည်း ဖြစ်သည်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

Social network ကိုအသုံးပြုပြီး စီးပွားရေးလုပ်လိုသူများအတွက် “The Facebook Era”  စာအုပ်ကို ရေးသားခဲ့သည်။ သူမအကြောင်းကို Fortune Magazine ၏ ” Most Powerful Women Entrepreneurs, Fast Company‘s Most Influential People in Technology, နှင့် Businessweek’s Top Young Entrepreneurs” အဖြစ် ဂုဏ်ပြုခြင်းခံရသည်။