ဂျနီဖာ ကာတာ ဖလီးစ် (Business Woman)

blank
Photo Reference: www.mashable.com

ဂျနီဖာ ကာတာ ဖလီးစ် (၂၉နှစ်)

Rent the Runway စီးပွားရေးလုပ်ငန်းစုအား ပူးတွဲတည်ထောင်သူ။

ဂျနီဖာ ကာတာ ဖလီးစ် (Jennifer Carter Fleiss) သည်။ Rent the Runway ဆိုသော နာမည်ကျော် ဒီဇိုင်နာများ၏ အဝတ်အထည်များ၊ accessory များကို သာမာန်အမျိုးသမီးလူတန်းစုပါ လက်လှမ်းမှီ ခံစားနိုင်စေရန်၊ ဝတ်ဆင်နိုင်စေရန် ဈေးနှုန်းချိုသာစွာ စီမံငှားရမ်းပေးသည့် လုပ်ငန်းတစ်ခုကို စွန့်ဦးတီထွင်ခဲ့သည်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယခုအခါ Rent the Runway တွင် လက်ရှိရင်းနှီးမြုပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ ၄၅မီလီယံခန့်ရှိသည်။ အသင်းဝင်ပေါင်း ၅ သန်း ကျော်၊ အလုပ်သမားပေါင်း ၂၅၀ခန့်၊ ဒီဇိုင်နာပေါင်း ၁၇၅ ယောက် ဖြင့် လည်ပတ်လျှက်ရှိသည်။

ဖလီးစ်သည် Inc.’s “Top 30 Under 30” နှင့် “15 Entrepreneurs to Watch in 2015” , Fortune Magazine‘s  “40 Under 40” နှင့်  “Most Powerful Women Entrepreneurs” စသဖြင့်  ဂုဏ်ပြုဖော်ပြခြင်းများ ခံခဲ့ရသည်။ သူမသည် နှစ်တစ်နှစ်၏ လူငယ်စွန့်ဦးတီထွင်သူ တစ်ဦးအဖြစ် နာမည်ကြော်ကြားလာခဲ့သည်။