အမျိုးသားတွေ သတိမထားမိတဲ့ အမျိုးသမီးတွေရဲ့အကြောင်း

blank

အမျိုးသားသူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆံလာတာ ကြာလာတော့မှ သူတို့ဘယ်လိုတွေးခေါ်တယ်ဆိုတာကို ကျွန်မနားလည်လာပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေက ကျွန်မတို့ရဲ့ခန္ဓာကိုယ်တစ်စိတ်တစ်ဒေသ အပြောင်းအလဲတို့၊ စတိုင်အပြောင်းအလဲတို့တွေကို အမျိုးသားတွေ သတိထားမိကြမယ်လို့ ထင်နေတတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ အမျိုးသားတွေက အသေးစိတ်ကလေးတွေမှတ်သားရာမှာ အလေးအနက်မထားတတ်တာလေးတွေကို တွေ့ရပါတယ်။ဒါတွေကို ပိုသိဖို့ အောက်ဖော်ပြပါ အချက်တွေကို ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ ပိုက်ဆံအိတ်အသစ်

အမျိုးသားတွေ စိတ်ထဲမှာတော့  အရောင်မတူတာကလွဲရင် ပစ္စည်းမှန်သမျှ စုပြုံထည့်ထားတဲ့ အိတ်တစ်လုံးလို့ပဲ မြင်ပါတယ်။ သူတို့သိတာကတော့ ပိုက်ဆံအိတ်တိုင်းက တူတူတွေချည်းပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အမွှေးရိတ်ထားတဲ့ခြေထောက်နဲ့၊ မရိတ်ထားတဲ့ခြေထောက်

ကျွန်မတို့တွေကတော့ လှပကြော့ရှင်းနေအောင် အမွှေးနုနုလေးတွေကစ ရိတ်တတ်ကြတာပေါ့။ ဒါပေမယ့် အမျိုးသားတွေကတော့ ခြေသလုံးမွှေးတွေ ထူထူ၊ မည်းမည်းကလွဲရင် သတိတောင်မထားမိကြပါဘူး။

၃။ မိတ်ကပ်မလိမ်းထားခြင်း

အမျိုးသမီးတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် တချို့အမျိုးသားတွေကတော့ ကျွန်မတို့ မိတ်ကပ်မလိမ်းထားတာကိုတောင် မသိတတ်ကြဘူးလေ။ တကယ်ပြောတာပါ။ ကွန်မတို့တွေကတော့ သူတို့ ညာနေတယ်ထင်ပြီး အော်ငေါက် လိုက်သေးတယ်လေ။

၎။ ဖိနပ်အသစ်

အမျိုးသား အများစုကတော့ ဘယ်တော့မှ ဒူးအောက်ပိုင်းကို ကြည့်လေ့ကြည့်ထ မရှိတတ်ကြဘူး။ ဖိနပ်ဆိုရင်တော့ ဝေးရောပေါ့။

၅။ ပါးနီ

သူတို့တွေက ပါးနီဆိုတာ ဘာမှန်းတောင်သိချင်မှသိတာ။ ပါးနီအရောင်ပြောင်းထားတာကိုသတိထားမိဖို့တော့ ဝေးရောပေါ့။

၆။ အဆီဖုများနှင့် အကြောပြတ်ရာများ

အမျိုးသားတွေက ဒါတွေနဲ့ပတ်သက်ပြီး အပြစ်ပြောတာ တစ်ခါမှမကြားဖူးပါဘူး။ ကျွန်မတို့ အမျိုးသမီးတွေကသာ ကိုယ့်ခန္ဓာကိုယ်ကို ဝေဖန်အပြစ်ရှာနေကြတာပါ။

၇။ ဆံပင်ညှပ်ထားခြင်း

ဖနောင့်လောက်ရှိတဲ့ဆံပင်ကနေ ဘိုကေဖြစ်သွားတယ်ဆိုမှ၊ ဒါမှမဟုတ် ကတုံးတုံးလိုက်တာဆိုမှ သူတို့တွေက သတိထားမိကြတာ။ တော်ရုံဆိုရင်တော့ သူတို့သိမှာတောင် မဟုတ်ဘူး။

၈။ မျက်ကွင်းညိုခြင်း

သူတို့သတိမထားမိတဲ့အတွက် ပြောလာမယ့်စကားကတော့ “မင်းရဲ့မျက်လုံးလေးတွေထဲမှာ နှစ်မြောနေမိလို့ ပင်ပန်းနေတာကိုသတိမထားမိတာခွင့်လွှတ်ပါ” ဆိုတာလေးမျိုးပေါ့။

၉။ နှုတ်ခမ်းနီအရောင်အသစ်

ကျွန်မတို့ကိုယ်တိုင်တောင် တခါတလေ နှုတ်ခမ်းနီအရောင်တွေကိုခွဲခြားဖို့ ခက်ခဲနေတတ်တာသူတို့ဆိုရင်တော့ မေးမနေနဲ့တော့။

၁၀။ ဂျင်းဘောင်းဘီအသစ်

ကျွန်မတို့ဂျင်းဘောင်းဘီကိုမှတ်မိဖို့နေနေသာသာသူတို့ကိုယ်တိုင်တောင် ကိုယ့်ဂျင်းဘောင်းဘီကိုယ် မခွဲခြားနိုင်ကြပါဘူး။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​Facebook​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။