ရယ်မောခြင်းဆိုတဲ့ အကောင်းဆုံးဆေးလေးတစ်ခွက်

blank

၁။ ကလေးက သူ့အဖေကို မေးတယ်။
“လူတွေ ဘယ်ကနေ ဆင်းသက်လာတာလဲ ဖေဖေ”
သူ့အဖေကပြန်ဖြေပါတယ်။
“အာဒမ်နဲ့ (Adam) အေးဝ(Eve)ကနေပါ သား၊ သူတို့နှစ်ယောက်က ကလေးတွေမွေးတယ်၊ သူတို့ကလေးတွေကြီးလာတော့ ကလေးပြန်မွေးကြတယ်၊ ဒီလိုနဲ့ လူတွေဖြစ်လာတာပါ။”
ကလေးကလည်း သူ့အမေဆီသွားပြီး ဒီမေးခွန်းကို ပြန်မေးတယ်။
သူ့အမေက ဖြေပါတယ်။
“အမေတို့က မျောက်ကနေဆင်းသက်လာတာပါ။ မျောက်တွေကနေ ပုံစံအဆင့်အဆင့် ပြောင်းလဲပြီး အခုလို လူတွေဖြစ်လာတာပေါ့။”
ကလေးက သူ့အဖေဆီပြန်ပြေးသွားခဲ့ပြီး “ဖေဖေ ညာပြောတယ်” လို့ ပြောပါတယ်။
ဒီတော့ သူ့အဖေ ပြန်ဖြေလိုက်ပုံက…
“မညာပါဘူး သားရယ်၊ မင်းအမေပြောတာက သူ့ဘက်ကအမျိုးကိုပြောတာပါ။” တဲ့။

၂။ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် အိပ်နေတဲ့အချိန် အိမ်ထဲမှ အသံတစ်သံကြားရတယ်။ အမျိုးသမီးက လှည့်ပြီး ပြောပါတယ်။ “ကျွန်မယောက်ျားလာနေပြီ၊ သွားတော့။” အမျိုးသားကလည်း အိပ်ယာပေါ်ကပြေးဆင်းပြီး ပြတင်းပေါက်ကနေခုန်ဆင်းသွားပါတယ်။ ခြုံကြားတွေထဲကနေ လေးဘက်ထောက်သွားပြီး လမ်းပေါ်ရောက်မှ သူတစ်ခုခုသတိရဟန်ပေါ်တယ်။ သူအိမ်ထဲသို့ပြန်လာပြီး အမျိုးသမီးကိုပြောပါတယ်။ “ခဏလေး၊ ငါကနင့်ယောက်ျားလေ”တဲ့။ ထိုအခါ အမျိုးသမီး ဒေါသအကြည့်တွေနဲ့ ပြန်ပြောလိုက်တာက “ဒါဆို ဘာလို့ပြေးသွားတာလဲ”တဲ့။

၃။ လူတစ်ယောက်က supermarket ကြီးထဲမှာ တော်တော်လှတဲ့ အမျိုးသမီးတစ်ဦးဆီ ချဉ်းကပ်လာပြီး စကားစပါတယ်။
” ကျွန်တော်နဲ့ စကားခဏလောက်ပြောပေးလို့ရမလား။ supermarket ထဲမှာ ကျွန်တော့်အမျိုးသမီး ပျောက်သွားလို့ပါ။”
အမျိုးသမီးလည်း ကြောင်သွားပါတယ်။ ပြီးတော့ ပြန်မေးပါတယ်။
“ရှင့်အမျိုးသမီးပျောက်တာ ဘာလို့ကျွန်မကို စကားလာပြောခိုင်းရတာလဲ”
ထိုအခါ ထိုသူပြန်ဖြေလိုက်တာကတော့…
“ဘာလို့လဲဆိုတော့ ကျွန်တော် ချောမောပြီး ခန္ဓာကိုယ်လှပတဲ့ အမျိုးသမီးနဲ့ စကားပြောတိုင်း ဘယ်နေရာရောက်နေ ရောက်နေ ကျွန်တော့မိန်းမ ပေါ်လာတတ်လို့ပါ။”

၎။ ခင်ပွန်းသည်က သူ့ဇနီးကိုမေးပါတယ်။
“ငါသေသွားရင် နောက်အိမ်ထောင်ပြုမှာလား။”
ဇနီးသည်က ပြန်ဖြေပါတယ်။
“မပြုပါဘူး၊ ကျွန်မညီမနဲ့ပဲ နေမှာပါ။”
ဇနီးကလည်း တစ်ခါ သူ့ခင်ပွန်းကို ပြန်မေးပါတယ်။
“ရှင်လည်း ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား”
ခင်ပွန်းသည်လည်း ပြန်ဖြေပါတယ်။
“မပြုပါဘူး၊ ငါလည်း မင်းညီမနဲ့ပဲ နေမှာပါ။”

၅။ အမျိုးသမီးငယ်လေးတစ်ယောက်၏ အသုဘအခမ်းအနား ပြုလုပ်နေချိန်တွင်ဖြစ်သည်။ အခေါင်းသယ်တဲ့လူတွေ အခေါင်းကိုသယ်ထုတ်တဲ့အခါ နံရံကို မတော်တဆ တိုက်မိသွားပါတယ်။ ဒီအချိန်မှာပဲ အခေါင်းထဲက ညည်းသံတိုးတိုးလေးကြားမိကြတယ်။ သူတို့အခေါင်းကို ပြန်ဖွင့်ကြည့်တော့ အမျိုးသမီးငယ်လေး အသက်မသေသေးတာကို တွေ့ရပါတယ်။ ဒီလိုနဲ့ အမျိုးသမီးလေးလည်း နောက်ထပ် (၁၀)နှစ်ကျော်လောက် အသက်ဆက်ရှင်ပြီး သေဆုံးသွားခဲ့ပါတယ်။ နောက်တစ်ခါ အသုဘအခမ်းအနား ပြုလုပ်ကြပါတယ်။ အခမ်းအနားပြီးတော့ အခေါင်းသယ်တဲ့လူတွေလာပြီး အခေါင်းသယ်မယ်အလုပ် သူမ၏အမျိုးသားက အော်ပြောလိုက်ပုံကတော့ “နံရံနဲ့ မတိုက်မိစေနဲ့”တဲ့။
၆။ အမျိုးသားတစ်ယောက် အလုပ်ကပြန်လာတော့ သူ့ဇနီးက တံခါးဝကနေ ဆီးကြိုပါတယ်။ “ညစာအဆင်သင့်ဖြစ်ပြီလား”လို့ အမျိုးသားကမေးတော့ ဇနီးက သူ့လက်ဆွဲပြီး အလုပ်ကပြန်လာတဲ့ ယောက်ျားက သူ့ဇနီးကို အနမ်းလေးပေးလိုက်တဲ့ လမ်းဟိုဘက်အိမ်က လင်မယားကို လက်ညှိုးထိုးပြပြီး “ရှင်လည်း အဲဒီလိုလေး မလုပ်နိုင်ဘူးလား”လို့မေးပါတယ်။ ထိုအခါ ထိုအမျိုးသား ပြန်ဖြေလိုက်ပုံက “အင်း၊ ငါအဲဒီအမျိုးသမီးနဲ့မှာ မဆုံရသေးတာ”တဲ့။