ဘဝအောင်မြင်မှုအတွက် ငွေကြေးထက်အရေးပါတဲ့အရာများ

blank

၁။ အချိန်

အချိန်ဆိုတာ အောင်မြင်မှုအတွက် ရတနာတစ်ပါးပါပဲ။ အချိန်ကို ဖြုန်းတီးပစ်ရင် ဘဝကို ထိခိုက်ပျက်စီးစေပါတယ်။ အချိန်ကို ကောင်းစွာအသုံးချရင်တော့ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိဘဲ အောင်မြင်မှုတွေကို ဆွတ်ခူးရရှိစေပါတယ်။

၂။ ကျဆုံးမှု

ကျဆုံးမှုဆိုတာလည်း စိတ်အားထက်သန်မှုတွေကို လှုံ့ဆော်ပေးတဲ့အဓိကတွန်းအားတစ်ခု ဖြစ်ပါတယ်။ လူတိုင်းဟာ ဗိုက်ဆာနေချိန်မှာ ငွေရဖို့အတွက် အလုပ်ကို အားသွန်ခွန်စိုက်ကြိုးစားမှာ ပါပဲ။ ဒါကြောင့် အောင်မြင်ဖို့ဆိုရင် ကျဆုံးမှုဆိုတဲ့တွန်းအားတွေကလည်း အရေးကြီးပါတယ်။

၃။ ကြံ့ခိုင်တဲ့စိတ်ဓာတ်

အောင်မြင်ဖို့အတွက်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ကလည်း အရေးကြီးလှပါတယ်။ တစ်ကြိမ်ရှုံး ရင် နှစ်ကြိမ်ကြိုးစားမယ်ဆိုတာက အောင်မြင်လိုသူတိုင်းမှာ ရှိသင့်တဲ့ အရေးကြီးဆုံးစိတ်ဓာတ်ပဲ ဖြစ် ပါတယ်။

၎။ ဇွဲသတ္တိ

ဇွဲသတ္တိဆိုတာ အောင်မြင်မှုအတွက် မရှိမဖြစ်အရေးကြီးတဲ့အရာဖြစ်ပါတယ်။ ဘယ်လို အခက် အခဲမျိုးကိုမဆို ဇွဲသတ္တိမရှိဘဲ ကျော်လွှားလို့မရနိုင်ပါဘူး။ ဒါကြောင့် ဘဝမှာ အောင်မြင်ဖို့ဆိုရင် ငွေ ထက်အရေးကြီးတဲ့ ဇွဲသတ္တိကိုလည်း ဖက်တွယ်ထားဖို့ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ရည်မှန်းချက်

ပြင်းပြထက်သန်တဲ့ရည်မှန်းချက်ကလည်း ဘဝအောင်မြင်မှုအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်ပါတယ်။ ငွေဘယ်လောက်ရှိရှိ ရည်မှန်းချက်မရှိရင် အောင်မြင်မှုဆီ ရောက်ရှိနိုင်မှာ မဟုတ်ပါ ဘူး။ ဒါကြောင့် ရည်မှန်းချက်ကိုလည်း ဆုပ်ကိုင်ထားသင့်ပါတယ်။

၆။ ယုံကြည်မှု

ယုံကြည်မှုဆိုတာလည်း ဘဝအတွက် တန်ဖိုးရှိတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ။ ငွေကြေးချမ်းသာ ပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် အောင်မြင်မှုဆိုတာလည်း အနှစ်သာရကင်းမဲ့နေမှာ ဖြစ်ပါတယ်။

၇။ စဉ်းစားဉာဏ်

လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် လုပ်အားသက်သက်နဲ့မဖြစ်နိုင်ပါဘူး။ စဉ်းစားတတ်တဲ့ ဉာဏ်ပညာနဲ့ ဦးဆောင်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် အောင်မြင်မှုအတွက် အလုပ်လုပ် ရာမှာ ငွေကြေးနဲ့အတူ စဉ်းစားဉာဏ်ကိုလည်း သေသေချာချာ ရင်းနှီးမြုပ်နှံသင့်ပါတယ်။

၈။ သန့်စင်တဲ့စိတ်နှလုံးသားနဲ့ အကျင့်သိက္ခာ

စိတ်နှလုံးသားနဲ့ ကိုယ်ကျင့်သိက္ခာဆိုတာ မမြင်နိုင်တဲ့မှော်စွမ်းအားနဲ့ တူပါတယ်။ အဲ့ဒီစွမ်းအား တွေက လူတွေကို ဆုံးဖြတ်ချက်တွေချမှတ်ပေးတယ်။ ကြိုးစားမှုတွေဖန်တီးပေးတယ်။ အဲ့ဒီအရာတွေ ကို ငွေနဲ့ဝယ်ယူလို့မရပါဘူး။ ဒါကြောင့် အောင်မြင်ပြီး အကျိုးရှိတဲ့ဘဝဖြစ်စေဖို့ စိတ်နှလုံးသားနဲ့ ကိုယ် ကျင့်သိက္ခာသန့်စင်မှုကလည်း အရေးပါလှပါတယ်။

၉။ ကိုယ်ရည်ကိုယ်သွေး

လူတိုင်းဟာ ဆင်းရဲရဲချမ်းသာသာ ကိုယ်ရည်ကိုယ်သွေးကိုယ်စီနဲ့ ရှင်သန်နေကြရပါတယ်။ ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးကတော့ ခိုင်မာတဲ့ပေါင်းသင်းဆက်ဆံရေးတွေ၊ မြင့်မားတဲ့တိုးတက် မှုတွေဆီကို ခေါ်ဆောင်ပေးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ဖို့ကလည်း ဘဝမှာ ငွေကြေးထက်အရေးပါပါတယ်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်