နောင်တကင်းပြီး ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ဖို့ရှောင်ကျဉ်သင့်တဲ့ အချက်လေးများ

blank

      ကျွန်မတို့ ရှင်သန်ခွင့်ရတဲ့အချိန်ဟာ အရမ်းကိုတိုတောင်းလွန်းလှပါတယ်။ ဒီလိုတိုတောင်းလှတဲ့အချိန်လေးအတွင်းမှာ မိမိဘဝအတွက် အဓိပ္ပါယ်ရှိတဲ့အလုပ်တွေကို နောင်တကင်းကင်းနဲ့လုပ်သွားဖို့လိုပါတယ်။ အချိန်လွန်သွားမှ နောင်တရတာဟာ သင့်အတွက် ရင်နင့်ဖွယ်ကောင်းလှပါတယ်။ ဒါကြောင့် နောင်တကင်းကင်းနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့ ရှောင်ကြဉ်သင့်တဲ့အချက်လေးတွေကို ဂန္ထဝင် စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ဆင်ခြေဆင်လက်ပေးခြင်း။

အလုပ်တစ်ခုကို ဆင်ခြေအမျိုးမျိုးပေးပြီး ရှောင်ထွက်နေမယ့်အစား လက်တွေ့ရင်ဆိုင်ဖြေရှင်းလိုက်တာဟာ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေပါတယ်။

၂။ အရှက်လွန်ကဲခြင်း။

အရှက်လွန်ကဲခြင်းဟာ သင့်ကို လူ့အဖွဲ့အစည်းရဲ့အပြင်ဘက်ကို တဖြည်းဖြည်း ရောက်သွားစေပါတယ်။ ဒါကြောင့်ယုံကြည်မှုအပြည့်နဲ့ သင့်ရှေ့ရောက်လာတဲ့ အခွင့်အရေးတွေကို လက်တွေ့အသုံးချပါ။

၃။ မိသားစုဝင်တွေအတွက် အချိန်မပေးခြင်း။

သင်နဲ့အနီးဆုံးမှာ ရှိနေတဲ့ မိဘတွေ၊ အဘိုးအဘွားတွေဟာ သင့်ရဲ့ယုယကြင်နာမှုတွေကို အမြဲတမ်းမျှော်လင့်နေတဲ့လူတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ သင့်အတွက် အစားပြန်မရနိုင်တဲ့အရာတွေဖြစ်လို့ အခုပဲသူတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်ပါ။

၎။ ရေရာတဲ့ဦးတည်ချက်မရှိခြင်း။

လက်ရှိလုပ်နေတဲ့အလုပ်မှာ သင်မပျော်ပိုက်ဘူးဆိုရင် သင့်ရဲ့ဦးတည်ချက်နဲ့ လက်ရှိအလုပ် ထပ်တူမကျသေးလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်အခုပဲ သင့်ရဲ့ဦးတည်ချက်ကဘာလဲဆိုတာ သုံးသပ်ပါ။

၅။ မရောက်သေးတဲ့အချိန်တွေကိုစောင့်ဆိုင်းခြင်း။

မရောက်သေးတဲ့အချိန်ကို စောင့်ဆိုင်းနေတာဟာ သက်သက်အချိန်ဖြုန်းသလိုပါပဲ။ ဒါကြောင့် သင်လုပ်ချင်တဲ့အလုပ်ကို အကောင်အထည်ဖော်ဖို့ လက်ရှိအချိန်ဟာ အကောင်းဆုံးဖြစ်တာကြောင့် အစွမ်းကုန်ကြိုးစားပါ။

၆။ ပင်ကိုယ်စွမ်းရည်တွေကို တိုးတက်အောင်မလုပ်ခြင်း။

သင်ရဲ့ပင်ကိုယ်စွမ်းရည်တွေကို တိုးတက်အောင်လုပ်ဖို့သင့်မှာ အခွင့်အရေးအပြည့်အဝရှိပါတယ်။ ဒါကြောင့် သင့်လက်ထဲမှာရှိနေတဲ့ ကျောက်ရိုင်းတုံးလေးကို အရောင်တဖိတ်ဖိတ် တောက်လာအောင် အခုပဲ စွမ်းဆောင်လိုက်ပါ။

၇။ မိမိရဲ့အားနည်းချက်တွေကိုပဲ မြင်ပြီး အလိုမကျဖြစ်ခြင်း။

သင့်မှာလိုအပ်ချက်တွေအများကြီးနဲ့ မပြည့်စုံလေခြင်းဆိုပြီး ညည်းညူမနေပါနဲ့။ သင့်ရဲ့အားနည်းချက်တွေကို မေ့ပစ်ပြီး သင်ဖြစ်ချင်တဲ့အရာတွေကိုသာ အစွမ်းကုန်ကြိုးစားပါ။

ကျွန်မတို့ဟာ အသက်ရှင်နေသမျှတော့ လောကစက်ဝိုင်းထဲမှာ လည်ပတ်နေရဦးမှာပါ။ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေဆိုတာ သင်ကိုယ်တိုင်ဖန်တီးတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် နောင်တကင်းပြီးပျော်စရာကောင်းတဲ့ဘဝကိုလည်း သင်ကိုယ်တိုင်ဖန်တီးယူလို့ရပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်လေးတွေဟာ ဂန္ထဝင် ပရိသတ်ကြီးအတွက် မှတ်သားစရာ တစ်ခုခုရခဲ့တယ်ဆိုရင် သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးလိုက်ပါဦးနော်။