သင်ပြုတဲ့ကံ သင့်ထံပြန်လာမည်။

blank

တစ်ခါက ခွေးကလေးတစ်ကောင်ဟာ မှန်တွေနဲ့ဆောက်ထားတဲ့ အိမ်လေးတစ်လုံးထဲကို မျက်စိလည်လမ်းမှားပြီး ရောက်သွားသတဲ့။

ခွေးကလေးဟာ သူ့ရဲ့အထက်အောက်အရပ်လေးမျက်နှာ တစ်ခွင်မှာ မြင်နေရနေတဲ့ သူ့ရဲ့ပုံရိပ်တွေကို တအံ့တသြနဲ့ကြည့်ရင်း မှင်သက်သွားပါတော့တယ်။ သူဟာသူ့ပတ်ပတ်လည်ကို တအံ့တသြနဲ့ မျက်မှောင်ကုတ်ကြည့်လိုက်တဲ့အခါမှာ မှန်ပေါ်မှာမြင်နေ ရတဲ့ ခွေးကလေးတွေကလည်း သူ့ကိုပြန်ပြီး မျက်မှောင်ကုတ်ပြီးကြည့်ကြသတဲ့။ အဲ့ဒီအချိန်မှာ ခွေးကလေးဟာ သူ့ကို ဂြိုဟ်ကြည့်ကြည့်ရကောင်းလား ဆိုပြီး ခွေးတွေအားလုံးကို ဒေါသတချောင်းချောင်းနဲ့ ထိုးဟောင်နေတော့တာပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူ့ရဲ့ဟောင်သံနဲ့ မရှေးမနှောင်းမှာပဲ ခွေးတွေအားလုံးကလည်း တညီတညွတ်တည်းနဲ့ သူ့ကိုပြန်ဟောင်ပြကြသတဲ့။ ခွေးကလေးဟာ သူ့ကိုအုံအုံကြွကြွနဲ့ဟောင်ပြနေတဲ့ ခွေးအုပ်ကြီးကို ကြည့်လေ ပိုပြီးဒေါသထွက်လာလေဖြစ်ပြီး အသားကုန်ဟောင်နေတော့တယ်။ မှန်အိမ်လေးဟာလည်း ခွေးဟောင်သံကြောင့် ဆူညံနေသတဲ့။ ခွေးကလေးဟာလည်း ခြေကုန်လက်ပန်းကျပြီး မောပန်းလာတော့တယ်။ အမောဆို့နေတဲ့ခွေးကလေးဟာ မှန်မှာပေါ်နေတဲ့ ခွေးတွေကိုကြည့်လိုက်မိတဲ့အခါ အမောဆိုက်နေလို့ လျှာတစ်လစ်ဖြစ်နေတဲ့သူ့ကို လျှာထုတ်ပြီး ပြောင်ပြနေတဲ့ခွေးလေးတွေကိုတွေ့ပြီး ဒေါသကငယ်ထိပ်ကိုရောက်သွားခဲ့တာပေါ့။ အဲဒါနဲ့ပဲ ခွေးကလေးဟာ ခွေးတွေကို ကိုက်ဖို့အဆုံး မှန်ချပ်ထဲကို ပြေးဝင်သွားတော့တာပေါ့။ ဒီတော့ မှန်ချပ်တွေကို ခေါင်းနဲ့ဝင်တိုက်တဲ့အရှိန်ကြောင့် ခွေးကလေးဟာ သေဆုံးသွားပါတော့တယ်။

ပရိသတ်ကြီးရေ… တကယ်တော့ခွေးကလေးကို ဘယ်ခွေးကမှ ဟောင်နေခဲ့တာမဟုတ်ပါဘူး။ မှန်ထဲမှာမြင်နေခဲ့ရတဲ့ သူ့ရဲ့ ပုံရိပ်တွေကသာ သူ့ကိုရန်ပြုနေခဲ့တာပါ။ မှန်အိမ်လေးထဲကို ရောက် ရောက် ချင်း သူသာပြုံးခဲ့မိရင် အသက်ဆုံးရှုံးခဲ့မှာမဟုတ်ပါဘူး။

ဒီလိုပါပဲ… ကျွန်မတို့နေထိုင်တဲ့ လောကကြီးကလည်း မှန်တွေကာရံထားတဲ့ အခန်းလေးနဲ့တူပါတယ်။ ဒါ့ကြောင့် သင်ကစပြီးပြုံးပြဖို့ ဘယ်တော့မှမမေ့ပါနဲ့။