သင့်ရဲ့ နေ့ရက်လေးတွေကို လန်းဆန်းတက်ကြွနေစေမယ့် သဘာဝနည်းလမ်းပေါင်း (၅ဝ)

blank

လူတိုင်းဟာ လုပ်ငန်းခွင်မှာ စိတ်ဓာတ်တက်ကြွစွာ လုပ်ကိုင်လိုကြပါတယ်။ ဒါ့ကြောင့်လည်း လန်းလန်းဆန်းဆန်းနဲ့ အလုပ်လုပ်နိုင်ဖို့ ကော်ဖီသောက်တာမျိုး၊ ဆေးဝါးအကူအညီယူတာမျိုးတွေ လုပ်တတ်ကြပါတယ်။ အဲ့ဒီနည်းလမ်းတွေက ခဏတာလန်းဆန်းတက်ကြွနေစေပေမယ့် တချို့အရာတွေက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းစွာနဲ့ အလုပ်လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ထားပါတယ်ရှင်။

၁။ မီးအားလုံးဖွင့်ပါ။

၂။ အိမ်ပြင်ဘက်ထွက်ပြီး လေကောင်းလေသန့်ရှူပါ။

၃။ နားရွက်ဖျားနှစ်ဖက်ကို အောက်ဘက်ဆွဲချပါ။

၎။ လျှာတွေနဲ့သင့်နှုတ်ခမ်းအထက်ကို လျက်ပါ။

၅။ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ပါ။

၆။ အာဟာရဖြစ်စေမယ့် အဆာပြေစားစရာတွေစားပါ။

၇။ မြူးကြွတဲ့တေးဂီတကို နားထောင်ပါ။

၈။ ခြေချောင်းလေးတွေကို ကွေးလိုက်ဆန့်လိုက်လုပ်ပါ။

၉။ စိတ်ဓာတ်တက်ကြွစေမယ့်စာအုပ်တစ်အုပ်ဖတ်ပါ။ ဒါမှမဟုတ် ဇာတ်ကားတစ်ကားကြည့်ပါ။

၁ဝ။ သင့်ကိုရယ်မောစေမယ့်အရာတွေကို ရှာဖွေပါ။

၁၁။ Air Con ဖွင့်ပါ။

၁၂။ လည်ဂုတ်ကိုနှိပ်ပါ။

၁၃။ ဦးခေါင်းကို ခပ်ဆတ်ဆတ်ပုတ်ပါ။

၁၄။ အချိုမပါတဲ့ ပက်ပါမင့်ဆီနဲ့ပြုလုပ်ထားတဲ့ ပီကေတစ်ခုခုကိုဝါးပါ။

၁၅။ နှစ်နာရီ တစ်ခါ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေလုပ်ပါ။

၁၆။ အစီအစဉ်တွေကို ချရေးပါ။

၁၇။ ရေအေးအေးလေးတစ်ခွက်သောက်ပါ။ သင့်မျက်နှာနဲ့ ခြေမျက်စိကိုလည်း ရေနဲ့ပက်ဖျန်းလိုက်ပါ။

၁၈။ စည်းစနစ်ကျကျနေထိုင်စားသောက်ပါ။

၁၉။ အသက်ဝဝရှူပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂ဝ။ နံနက်တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

၂၁။ အချိန်ဇယားဆွဲပြီး စားသောက်ပါ။

၂၂။ သင့်စွမ်းအင်တွေကို ပါးနပ်လိမ္မာစွာ အသုံးပြုပါ။

၂၃။ ပရဟိတလုပ်ပါ။

၂၄။ ညဥ့်နက်တဲ့အထိတီဗွီကြည့်တာ ဒါမှမဟုတ် ရည်ရွယ်ချက်မဲ့ အင်တာနက်သုံးတာမျိုးတွေရှောင်ကြဉ်ပါ။

၂၅။ အညောင်းဆန့်ပါ။

၂၆။ နေ့လည်ခင်းတွေမှာ ဆယ့်ငါးမိနစ်ခန့် တစ်ရေးတစ်မောအိပ်စက်ပါ။

၂၇။ အချိုလျှော့စားပါ။

၂၈။ အစားအသောက်ကို နည်းနည်းစီနဲ့ ခဏခဏစားပါ။

၂၉။ အမျှင်ဓာတ်ပါတဲ့အစားအသောက်တွေကို စားပါ။

၃ဝ။ အသားဓာတ်ပါတဲ့အစားအသောက်တွေကို စားပါ။

၃၁။ ကော်ဖီသောက်တာ လျှော့ပါ။

၃၂။ ဗီတာမင်တွေကို သင့်တင့်စွာစားသုံးပါ။

၃၃။ မွှေးရနံ့ကုထုံးကို အသုံးပြုပါ။

၃၄။ ရေများများသောက်ပါ။

၃၅။ နှာခေါင်းကို သန့်သန့်ရှင်းရှင်းထားပါ။

၃၆။ တစ်ရက်ကို ခြေအိတ်တစ်စုံလဲပါ။

၃၇။ အရောင်တောက်တောက်ကို ရွေးချယ်ဝတ်ဆင်ပါ။

၃၈။ အကောင်းမြင်ဝါဒရှိပါ။

၃၉။ စိတ်ရှင်းရှင်းထားပါ။

၎ဝ။ ခန္ဓာကိုယ်အလေးချိန် နည်းနည်းလျှော့ပါ။

၄၁။ ဆေးဖက်ဝင်တဲ့သဘာဝဆေးတွေကို မှီဝဲပါ။

၄၂။ သင်ယူစရာတွေကို အမြဲရှာဖွေနေပါ။

၄၃။ မိမိနဲ့မသက်ဆိုင်တဲ့ပြဿနာတွေနဲ့ ဝေးဝေးမှာနေပါ။

၄၄။ စိတ်ဝင်စားတဲ့အလုပ်တစ်ခုခုအကြောင်း ဆွေးနွေးပါ။

၄၅။ အလုပ်တစ်ခုကို စိန်ခေါ်မှုနဲ့စတင်ပါ။

၄၆။ မတ်မတ် ထိုင်ပါ။

၄၇။ အလုပ်ကို တီထွင်ဆန်းသစ်မှုရှိအောင် ကြိုးစားပါ။

၄၈။ အလုပ်တစ်ခုကို ပြည့်စုံအောင်လက်စသတ်ပြီးမှ အခြားအလုပ်စတင်ပါ။

၄၉။ သပ်သပ်ရပ်ရပ်ဝတ်စားပါ။

၅ဝ။ အိပ်ရေးဝဝအိပ်ပါ။

ပရိသတ်ကြီးရေ… ဖော်ပြပေးထားတဲ့အချက်အလက်လေးတွေက လိုက်နာဖို့လွယ်ကူသလို အားလုံးအတွက်လည်း အသုံးတည့်စေမယ့် နည်းလမ်းကောင်းလေးတွေမို့ သင့်သူငယ်ချင်းတွေပါ ဖတ်ရအောင် SHARE လိုက်ပါဦးနော်။