ကျွန်မတို့အားလုံးလုပ်ဆောင်သင့်တဲ့ နေ့စဉ်ဘဝရဲ့အပြုအမူကောင်းလေးများ

blank

၁။ လူတစ်ယောက်ကို ထိခိုက်စေမယ့် ဝေဖန်ချက်တွေမပြုလုပ်ခင် ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး မုဒိတာစကားလေးတွေ ပြောပါ။

၂။ ကျေးဇူးတင်ထိုက်တဲ့သူတွေအတွက် ကျေးဇူးတင်စာလေးတွေ ပို့ပါ။

၃။ အလုပ်မအားလို့ ဖုန်းမကိုင်နိုင်ရင်တောင် “နောက်မှပြန်ခေါ်မယ်” ဆိုတဲ့ စာတိုလေးတစ်ကြောင်းကို သူသိအောင်ပို့ပေးလိုက်ပါ။

၎။ သူတစ်ပါးကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ချီးမွမ်းစကားလေးတွေ ပြောပေးပါ။

၅။ အစားအစာချက်ပြုတ်ကျွေးမွေးတဲ့သူကို ကျေးဇူးတင်စိတ်ရှိပါ။ လက်ရာမကောင်းရင်တောင် လုံးဝအပြစ်မတင်ပါနဲ့။

၆။ လမ်းပျောက်နေတဲ့သူတွေကို တိတိကျကျ လမ်းညွှန်ပေးပါ။

၇။ ဖေ့ဘုတ်ပေါ်က အငြင်းပွားမှုတွေကို တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။

၈။ ဖေ့ဘုတ်ပေါ်က အယူအဆအလွဲတွေကြောင့် စိတ်တိုနေမယ့်အစား အားရပါးရလှောင်ရယ်လိုက်ပါ။

၉။ သင်ပျော်ရွှင်နေတဲ့အချိန်လေးကို အမှတ်တရဓာတ်ပုံရိုက်ယူထားပါ။

၁ဝ။ ဆေးရမယ့်ပန်းကန်တွေ၊ လျှော်ရမယ့်အဝတ်တွေကို အကြွေးမထားပါနဲ့။ ချက်ချင်း ဆေးကြောလျှော်ဖွပ်ပါ။

၁၁။ ဆိုရှယ်မီဒီယာတွေကို ပျော်ရွှင်ဖို့သက်သက်အတွက်ပဲ အသုံးချပါ။

၁၂။ ဖြစ်ရပ်တိုင်း၊ အရာရာတိုင်းအတွက် အပြုသဘောဆောင်တဲ့ထင်မြင်ချက်ပဲ ပေးပါ။

၁၃။ သူငယ်ချင်းက ကြည့်စေချင်နေတဲ့ ရုပ်ရှင်ကား၊ တီဗွီအစီအစဉ် စတာတွေကို ကြိုက်ကြိုက်မကြိုက်ကြိုက် တစ်ခါလောက်တော့ ကြည့်လိုက်ပါ။

၁၄။ လူတစ်ယောက်နဲ့စကားပြောတဲ့အခါ ထိုသူနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြောဆိုဆွေးနွေးပါ။

၁၅။ သူငယ်ချင်းတွေ မဟုတ်တာလုပ်ပြီဆိုရင်လည်း ကူညီပြီးဖုံးကွယ်ပေးပါ။

၁၆။ သူငယ်ချင်းတစ်ယောက်ယောက်မှာ ဂုဏ်ယူစရာကိစ္စရှိနေပြီဆိုရင်လည်း မက်ဆေ့ခ်ျပို့ပြီး ဂုဏ်ပြုစကားပြောပါ။

၁၇။ အုပ်စုဖွဲ့စကားပြောနေတုန်းမှာလည်း အခြားတစ်ယောက်ယောက်က စကားပြောချင်တဲ့အမူအရာရှိနေရင် သူ့ကို “ဘာပြောစရာရှိလို့လဲ။ ပြောလေ” ဆိုပြီး အချိန်ပေးပါ။

၁၈။ စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေတဲ့သူငယ်ချင်းကို ပွေ့ဖက်ပြီးနှစ်သိမ့်ပေးပါ။ သူ့ခံစားချက်တွေကို ဖွင့်ဟတိုင်ပင်လာအောင်လည်း တိုက်တွန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

SHARE တယ်ဆိုတာကလည်း ကုသိုလ်ရစေတဲ့ မျှဝေခြင်းတစ်မျိုးပါ။