ဘဝရဲ့အမြင့်ဆုံးပန်းတိုင်ကို တက်လှမ်းနိုင်မယ့် လှေကားထစ်လေးတွေ

blank

“မမှားသောရှေ့နေ၊ မသေသောဆေးသမား” ဆိုတဲ့စကားပုံလေးအတိုင်းပါပဲ လောကကြီးမှာ မမှားဖူးတဲ့လူဆိုတာမရှိပါဘူး။ တစ်ချို့လူတွေက အမှားတွေထဲက သင်ခန်းစာယူပြီး သူတို့ဘဝကို အမြင့်ဆုံးအထိရောက်အောင် ကြိုးစားတက်လှမ်းသွားကြပါတယ်။ ဘဝရဲ့အမြင့်ဆုံးပန်းတိုင်ဆီ တက်လှမ်းချင်ကြသူတွေအနေနဲ့ သိထားသင့်တဲ့ အချက်လေး(၈)ချက်ကို ကျွန်မတို့ ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သင့်ဘဝထဲ ဆက်လက်ရှိမနေသင့်တဲ့အရာတွေကို စွန့်လွှတ်လိုက်ပါ။

သင့်အတွက်အသုံးမဝင်တော့တဲ့အရာတွေကို မစွန့်ပစ်ဘဲထားတာက သင့်အခန်းကို အမှိုက်ရှုပ်အောင် လုပ်တာနဲ့တူပါတယ်။ သင့်အခန်းလေး သန့်ရှင်းလှပစေချင်တယ်ဆိုရင် အဲ့ဒီအမှိုက်တွေကို စွန့်ပစ်လိုက်ဖို့ မမေ့ပါနဲ့။

၂။ သင့်ဘေးမှာ မနေချင်တဲ့သူကို သင့်ဘဝထဲက ထွက်ခွာခွင့်ပြုလိုက်ပါ။

သင့်ဘေးမှာမနေချင်တဲ့သူကို အတင်းဖက်တွယ်ထားတာက နှစ်ဦးလုံးအတွက် နာကျင်ဖို့ကောင်းပါတယ်။ အဲ့ဒါကြောင့် သင့်ဘေးမှာမနေချင်တဲ့သူတွေကို သင့်ဘဝထဲက ထွက်ခွာခွင့်ပေးလိုက်ပါ။

၃။ တခြားသူအတွက်နဲ့ သင့်ကိုယ်ရောင်ကိုယ်ဝါကို မမှေးမှိန်ပါစေနဲ့။

“ နှိမ့်ချတတ်ခြင်း”ဆိုတာ သူတော်ကောင်းတွေရဲ့အမူအကျင့်ဆိုပေမယ့် လိုအပ်တာထက်ပိုရင်တော့ သင့်ကိုယ်သင် နိမ့်ကျအောင်လုပ်မိသလို ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အခြားသူတွေအတွက်နဲ့ သင့်ကိုယ်သင် တန်ဖိုးကျအောင်အထိ မနှိမ့်ချမိပါစေနဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ လောကဓံကိုတည်ငြိမ်စွာ တုံ့ပြန်တတ်ပါစေ။

“ လောကဓံ ”ဆိုတာ သင်တစ်ယောက်တည်းအပေါ်မှာ ကွက်ပြီးရွာတဲ့ “ကွက်ကြားမိုး ”မဟုတ်ပါဘူး။ လူတိုင်းကြုံရတဲ့အရာပါ။ ဒါပေမယ့် လောကဓံအပေါ်တုံ့ပြန်ကြပုံချင်း တစ်ယောက်နဲ့တစ်ယောက်မတူကြတဲ့အတွက် လူတွေရဲ့ဘဝတွေကလည်း မတူညီကြတော့ပါဘူး။ အဲ့ဒါကြောင့် သင်ဘယ်လိုလူဖြစ်ချင်တယ်ဆိုတာ သင့်တွေးခေါ်မှုအပေါ်မှာပဲ မူတည်နေပါတယ်။

၅။ တိုတောင်းတဲ့ဘဝမှာ အချိန်တွေကို မဖြုန်းတီးပါနဲ့။

သင့်ကျရှုံးမှုအတွက် နာကျင်နေချိန်မှာ အချိန်တွေကတော့ သင့်ကိုစောင့်မနေဘဲ ဆက်သွားနေမှာပါ။ ဒါကြောင့် လဲကျနေရာက ပြန်ထပြီး ရှေ့ဆက်သွားတာက  သင့်နာကျင်မှုကိုကုသဖို့ အကောင်းဆုံးဆေးပါပဲ။

၆။ ဆင်ခြေပေးတာက တိုးတက်အောင်လုပ်ရတာထက်လွယ်ပါတယ်။

ဘဝဆိုတာ ရွေးချယ်စရာနှစ်ခုပဲရှိပါတယ်။ “တိုးတက်ချင်ရင် ဆင်ခြေမပေးနဲ့။ ဆင်ခြေပေးရင် မတိုးတက်ချင်ပါနဲ့ ” တဲ့။

၇။ အတင်းအဖျင်းတွေကို လျစ်လျူရှုလိုက်ပါ။

လောကကြီးမှာ “အလုပ်လုပ်တဲ့လူနဲ့ အတင်းပြောတဲ့လူ ”ဆိုတဲ့ လူစားနှစ်မျိုးပဲရှိပါတယ်။ အတင်းပြောတဲ့လူတွေအတွက်နဲ့ သင့်ရဲ့တန်ဖိုးရှိလှတဲ့ အလုပ်လုပ်ချိန်တွေကို ထိခိုက်မခံပါနဲ့။

၈။ ယုတ္တိရှိစွာတွေးခေါ်တတ်တဲ့ ဉာဏ်ပညာမျိုးရှိပါစေ။

ဉာဏ်ပညာဆိုတာ ယုတ္တိရှိစွာတွေးခေါ်တတ်မှုကို ခေါ်တာပါ။ သင့်ဘဝရဲ့ပန်းတိုင်ဆီ လျှောက်လှမ်းတဲ့အခါ အရေးကြီးဆုံးတွန်းအားဖြစ်တဲ့ သင့်ရဲ့ဉာဏ်ပညာကိုလည်း သူ့နေရာနဲ့သူ အသုံးချတတ်ပါစေ။

အားလုံးလည်း  “ဘဝ”ဆိုတဲ့တိုက်ပွဲမှာ အောင်မြင်မှုကို ဆွတ်ချူနိုင်သူတွေဖြစ်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။