ရှုံးနိမ့်ခြင်းတွေကြုံလာတဲ့အခါ ဇွဲမလျှော့ဘဲ အနာဂတ်ခရီးကို ရှေ့ဆက်နိုင်စေဖို့။

blank

ရှုံးနိမ့်မှုတွေနဲ့ကြုံတွေ့ရတဲ့အခါ ကျွန်မတို့ရဲ့ပုခုံးပေါ်မှာ ဒုက္ခထုပ်ကြီးရောက်နေသလို လေးလံနေတတ်ပြီး ကမ္ဘာကြီးတစ်ခုလုံး အဆုံးသတ်သွားသလိုခံစားရတတ်ပါတယ်။ ဒါပေမယ့် ရှုံးနိမ့်ခြင်းဆိုတာ အောင်မြင်လိုသူတိုင်း တက်လှမ်းရမယ့် လှေကားထစ်လေးတစ်ထစ်ပါ။

“အနင်းခံရတဲ့ မြက်တွေက
ပိုသန်တတ်ပြီး
နာနာရိုက်ပြီး ပုံသွင်းခံခဲ့ရတဲ့ အိုးတွေက
ပိုမာတတ်တယ် မဟုတ်ဘူးလား။”

အောင်မြင်မှုဆီကိုလျှောက်လှမ်းကြမယ့် စာဖတ်ပရိသတ်ကြီးအတွက် ရှုံးနိမ့်ခြင်းတွေကို ကျော်လွှားနိုင်မယ့်နည်းလမ်း(၅) ခုကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ဘယ်လောက်ပဲကျရှုံးနေပါစေ မိမိရည်မှန်းချက်တွေကို အမြဲသတိရနေပါ။

၂။ မအောင်မြင်ခဲ့တဲ့နည်းတွေကိုသိပြီးနောက် တခြားနည်းလမ်းတွေနဲ့ ထပ်ပြီးကြိုးစားကြည့်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ကဲ့ရဲ့ရှုံ့ချတဲ့အသံတွေကို လျစ်လျူရှုထားပါ။

၎။ ကိုယ့်ကို စိတ်ဓာတ်ခွန်အားမြှင့်တက်စေမယ့်သူတွေနဲ့ပေါင်းသင်းပါ။

၅။ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို စိတ်ရှည်သည်းခံစွာနဲ့ လျှောက်လှမ်းနိုင်အောင်ကြိုးစားပါ။

ပရိသတ်ကြီးရေ… ရှုံးနိမ့်မှုတွေရင်ဆိုင်ရပြီး လဲပြိုတဲ့အခါ ဒဏ်ရာတွေဘယ်လောက်ရရ ပြန်ထပြီးလျှောက်ရမှာကတော့ အောင်မြင်ချင်သူတိုင်းရဲ့ ဘဝပေးတာဝန်ပါ။ လဲကျခဲ့တဲ့အခိုက်မှာရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကိုမေ့ပစ်ပြီး တစ်နည်းမဟုတ်နောက်တစ်နည်းနဲ့ ထပ်ကြိုးစားပါ။ အောင်မြင်မှုကို မလွဲမသွေရရှိမှာပါ။ အရှုံးများစွာထဲမှာ အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့ရင်လည်း comment box မှာမျှဝေပေးခဲ့ပါဦး။