အောင်မြင်နေသူတွေရဲ့ အောင်မြင်ခြင်းဆိုင်ရာ လျှို့ဝှက်လမ်းစဉ်များ

blank

အောင်မြင်နေတဲ့သူတွေဟာ …

၁။ မိမိကြိုးစားပမ်းစားနဲ့လုပ်ခဲ့ပေမယ့် သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တွေကို မှတ်သားထားပြီး နောက်တစ်ကြိမ်ထပ်မလုပ်မိအောင် သတိထားတယ်။

၂။ မိမိယုံကြည်မှုအပြည့်အဝရှိတဲ့ အလုပ်တွေကိုပဲ ရွေးချယ်လုပ်ကိုင်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မိမိလက်ခံယုံကြည်တဲ့အရာတွေကိုမြဲမြံစွာဆုပ်ကိုင်ထားပြီး အောင်မြင်မှုဆီကို တက်လှမ်းတယ်။

၎။ မိမိဘယ်လောက်ပဲ အကောင်းဆုံးတွေဆောင်ရွက်ပေးပါစေ တစ်ချို့သောလူတွေကတော့ ဝေဖန်ကဲ့ရဲ့ကြမှာပဲ ဆိုတာကိုလက်ခံထားတယ်။

၅။ ရေရှည်မျှော်မှန်းချက်တွေထားရှိပြီး စီစဉ်ဆောင်ရွက်ကြတယ်။

၆။ မိမိအပေါ်ကို သစ္စာဖောက်ခဲ့ဖူးတဲ့လူတွေကို ဘယ်တော့မှ မယုံကြည်ကြဘူး။

၇။ မိမိရည်မှန်းချက်တွေကို ကိစ္စသေးသေးလေးတွေကြောင့် အပျက်စီးမခံတတ်ကြဘူး။

၈။ မိမိလုပ်ရမယ့်အလုပ်တွေကို စေတနာအရင်းခံပြီး ဇွဲလုံ့လရှိစွာနဲ့ အားသွန်ခွန်စိုက် ကြိုးစားကြတယ်။

၉။ မိမိကိုယ်ကိုအမြဲဆင်ခြင်သုံးသပ်ကြတယ်။

အောင်မြင်သူတွေဆိုတာ မှော်ဆရာကြိမ်လုံးကို တစ်ချက်လောက်မွှေ့ယမ်းလိုက်ရုံနဲ့ ဖြစ်ပေါ်လာကြတဲ့ လူသားတွေမဟုတ်ပါဘူး။ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းတဲ့လမ်းမှာ ကြုံလာသမျှအခက်အခဲတွေကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့မှန်ကန်တဲ့စိတ်ထားတွေကို လက်ကိုင်ထားပြီး ဖြေရှင်းရင်း လျှောက်လှမ်းနိုင်ခဲ့လို့ ဆန္ဒတွေပြည့်ဝခဲ့ကြသူတွေပါ။ ပရိသတ်ကြီးလည်း အောင်မြင်မှုပန်းတိုင်ကို မယိမ်းမယိုင်နဲ့လျှောက်လှမ်းနိုင်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ သင့်သူငယ်ချင်းတွေကို အောင်မြင်မှုနည်းလမ်းလေး လက်ဆင့်ကမ်းချင်တယ်ဆိုရင် ဒီစာလေးကို SHARE ပေးလိုက်ပါဦး။