အောင်မြင်မှု ရစေဖို့ စေတနာဆိုတာကလည်း အရေးကြီးပါတယ်။

blank

လူတိုင်းအပေါ်ကို စစ်မှန်တဲ့စေတနာထားပါ။ စိတ်ရင်းအမှန်၊ စေတနာအမှန်နဲ့ လူတိုင်းကို ကူညီပါ။ ဆက်ဆံပါ။ ဒါဆို သင့်ဘဝမှာလည်း အောင်မြင်မှုတွေ ရလာပါလိမ့်မယ်။

လူအယောက်တစ်ရာလောက်ရှိတဲ့ အခန်းကျယ်ကြီးတစ်ခုထဲ သင်ရောက်နေတယ်လို့ သဘောထားလိုက်ပါ။ အခန်းထဲက လူတွေအားလုံးကလည်း တခြားသူရဲ့ ပစ္စည်းကိုလိုချင်နေကြတယ်။ လိုချင်စိတ်တွေပဲ များနေတော့ ဘယ်သူမှ ဘာမှမရကြဘူး။ ကျွန်မတို့ရှင်သန်နေတဲ့ လောကကြီးကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါဆို သင် သူများတွေကို ဘာများပေးနိုင်မလဲ။

သောမတ်စ် ဂျက်ဖာဆန် (Thomas Jefferson) ပြောဖူးတဲ့ စကားလေးရှိတယ်။ လူနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ၁ဒေါ်လာစီ အပြန်အလှန်ပေးလိုက်ရင် သူတို့လက်ထဲမှာ ၁ဒေါ်လာအပြင် ပိုမရဘူးတဲ့။ အဲဒီ့လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အကြံဉာဏ်တွေ ဖလှယ်လိုက်ရင်တော့ တစ်ယောက်ဆီမှာ အကြံကောင်း ၂ခု ရနိုင်ပါတယ်တဲ့။ ဘယ်လောက်ကောင်းတဲ့စကားပါလဲ။ အရမ်းကို မှန်ကန်ပါတယ်။

အလုပ်ခွင်မှာလည်း ထိုနည်းအတိုင်း အကြံဉာဏ်သစ်တွေ ဖလှယ်ပေးရင် သင့်ဆီမှာလည်း ပိုကောင်းတဲ့ အကြံဉာဏ်တွေ ရနိုင်မယ်။ လုပ်ငန်းပိုအောင်မြင်မယ်။ ဝင်ငွေတွေ ပိုရမယ်။

သင်ဟာ ထက်မြက်တဲ့ လူတစ်ယောက်ဆိုတာ မမေ့ပါနဲ့။ သင့်ရဲ့ အကြံကောင်းတွေကို တခြားသူတွေအတွက် ဝေမျှပေးပါ။ လူတိုင်းကို စေတနာထားပြီး ကူညီပေးပါ။ လောကကြီးကလည်းသင့်အတွက် ထိုက်တန်တဲ့ ဆုလာဘ်တွေ ပြန်ချီးမြှင့်မှာပါ။