ဘဝခရီးလမ်းက အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ

blank

ဂန္ထဝင်ပရိသတ်ကြီးရေ…

လောကကြီးမှာ အခက်အခဲပြဿနာတွေ ရင်ဆိုင်နေရတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ပြဿနာတွေကို ကောင်းစွာ တုန့်ပြန်ဖြေရှင်းနိုင်ပုံတွေကွာခြားတာကြောင့် လူတွေရဲ့ဘဝတွေကွာခြားသွားတာပါ။ ပြဿနာတွေကို ကောင်းစွာရင်ဆိုင်ကျော်လွှားချင်တဲ့ ပရိသတ်ကြီးအတွက် အသုံးတည့်မယ့် နည်း (၄) သွယ်ကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်။

၁။ ပြဿနာတွေကို အကောင်းဘက်က ကြည့်ပါ။

ပြဿနာတစ်ခုစဖြစ်ပြီဆိုရင် ဘယ်သူစခဲ့တာလဲဆိုတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကို မစဉ်းစားပါနဲ့တော့။ ပစ္စုပ္ပန်တည့်တည့်ကို ရှေးရှုပြီး ပြဿနာဖြစ်ရတဲ့ အကြောင်းအရာကိုသာ အဖြေရှာပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အဖြေရှာပါ။

ပြဿနာအကြောင်း အဖန်ဖန်အလဲလဲ စဉ်းစားပြီး ညည်းညူနေမယ့်အစား ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ ပြဿနာရဲ့အရင်းခံကို စဉ်းစားပြီး စာရွက်မှာချရေးထားပါ။ အကောင်းဘက်ကိုဦးတည်တဲ့ ဖြေရှင်းနည်းတွေသာ ထည့်စဉ်းစားပါ။

၃။ ပြဿနာရဲ့နောက်ကွယ်က ကောင်းကွက်တွေကိုရှာဖွေပါ။

ပြဿနာ (သို့မဟုတ်) စိန်ခေါ်မှုတွေတိုင်းရဲ့ နောက်ကွယ်မှာ ကောင်းတာတစ်ခုရှိနေတယ်ဆိုတာ ယုံကြည်ထားပါ။

၎။ ပြဿနာတွေနောက်က သင်ခန်းစာကိုရအောင်ယူပါ။

ပြဿနာတွေကို ဖြေရှင်းပြီးတဲ့အဆုံးသတ်မှာ သင်ခန်းစာယူစရာတွေ ကျန်ခဲ့တတ်ပါတယ်။ ကြုံတွေ့လာတဲ့ပြဿနာတွေကနေ သင်ယူစရာတွေကို အကောင်းမြင်စိတ်တွေနဲ့ ရယူပါ။

ပြဿနာတွေကိုရင်ဆိုင်ရတဲ့အခါမှာ မသိကျိုးကျွန်ပြုခြင်း၊ ချက်ခြင်းတုန့်ပြန်ခြင်းနှင့် ဆင်ခြင်နိုင်စွမ်းနှင့်ချင့်ချိန်ခြင်း ဆိုတဲ့ နည်းလမ်း(၃)မျိုးရှိပါတယ်။ ရလဒ်ကောင်းတွေရရှိဖို့အတွက် ဘယ်လောက်ကြီးတဲ့ ပြဿနာ ပဲဖြစ်ဖြစ် ရလဒ်ကောင်းတွေ ထုတ်တတ်လာတဲ့အခါ စိတ်ဓာတ်ခိုင်မာတဲ့ လူတစ်ဦးဖြစ်လာမှာပါ။ အခက်အခဲတွေကို လှေကားထစ်တွေအဖြစ်အသုံးချရင်း သာယာတဲ့ဘဝတွေ တည်ဆောက်နိုင်ကြပါစေရှင်။