သင့်စကားတစ်ခွန်းနဲ့ အားနည်းသူကို ပိုပြီးမဖြိုလှဲပစ်မိပါစေနဲ့။

blank

သင်ဖက်တီးမလို့ ခေါ်ဝေါ်လှောင်ပြောင်လိုက်တဲ့ ကောင်မလေးဟာ ရောဂါအခံကြောင့် ဆေးတွေသောက်ပြီး ဝနေရှာတဲ့သူဆိုတာ သင်သိရဲ့လား။

ဒီနေ့ အပေါ်ယံအဝတ်အစားကိုကြည့်ပြီး မကောင်းတဲ့ကောင်မလေးပါကွာ လို့ အမှတ်တမဲ့သင်ပြောလိုက်တဲ့ မိန်းကလေးဟာ ယင်ဖိုတောင်မသမ်းဖူးတဲ့ မိကောင်းဖခင်သားသမီးဆိုတာ သင်သိရဲ့လား။

လူတွေကြားထဲငိုနေလို့ သင်ဟားတိုက်လိုက်တဲ့ကောင်လေးဟာ သူ့အမေဆုံးတဲ့သတင်းကြောင့် ငိုနေတာ ဆိုတာ သင်သိရဲ့လား။

အသားမည်းပတ္တမြားခဲလို့ သင်စနောက်နေတဲ့ကောင်မလေးဟာ မင်္ဂလာဆောင်ဖို့ အကြိမ်ကြိမ်အငြင်းခံနေရတဲ့ သူဆိုတာ သင်သိရဲ့လား။

ဒီနေ့မတက် လူလယ်ခေါင်မှာ သင်လက်သီးနဲ့ဆွဲထိုးလိုက်တဲ့ ဂေးတစ်ယောက်ဟာ သူ့ကိုယ်သူ သေကြောင်း ကြံစည်ဖို့ အားထုတ်နေတာ သင်သိရဲ့လား။

ဆင်းရဲသားလို့ သင်နှိမ့်ချခေါ်ဝေါ်နေတဲ့ကောင်လေးဟာ သူ့မိသားစုကို ထောက်ပံ့ဖို့ ညတိုင်းအလုပ်လုပ်နေရ တယ်ဆိုတာ သင်သိရဲ့လား။

ဤဆောင်းပါးကိုဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အနာရွတ်တွေဗရဗွကြောင့် သင်ဟာသလုပ်ခဲ့တဲ့လူကြီးဟာ တိုင်းပြည်ကို ကာကွယ်ပေးခဲ့တဲ့ စစ်သားကြီးဆိုတာ သင်သိရဲ့လား။

သင်နဲ့တိုက်မိလို့ တွန်းပစ်လိုက်တဲ့ကောင်လေးဟာ အိမ်ကဆူလို့ စိတ်ညစ်နေတဲ့သူဆိုတာ သင်သိရဲ့လား။

တကယ်တော့ လူတွေမှာသင်မသိနိုင်တဲ့ နာကျင်ကြေကွဲစရာတွေ ရှိနေနိုင်တာမို့ အခြေအနေအစစ်အမှန်ကို မသိဘဲနဲ့ သူတို့ရဲ့ အားနည်းချက်တွေကို လှောင်ပြောင်ခြင်းမပြုပါနဲ့။ လှောင်ပြောင်၊ အနိုင်ကျင့်တာတွေကို သင်ကန့်ကွက်တယ်ဆိုရင် ဒီစာလေးကို SHARE ပေးပါ။

စာချစ်သူတို့ရေ…

လူတိုင်းမှာ သင်မသိနိုင်တဲ့ နောက်ကွယ်အကြောင်းတရားတွေရှိနေနိုင်တာမို့ အပေါ်ယံကိုကြည့်ပြီး ဘယ်တော့မှ အကဲမဖြတ်လိုက်ပါနဲ့။ သူတစ်ပါးအားနည်းချက်တွေကိုလည်း ဟာသအနေနဲ့တောင် မလှောင် ပြောင်လိုက်ပါနဲ့။

အားနည်းသူတွေအပေါ် လှောင်ပြောင်မှုတွေကို မနှစ်သက်ဘူးဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါ။