အသိဥာဏ် မြင့်လာစေဖို့ ဖတ်သင့်သော စာစုလေးများ- အပိုင်း(၃)

blank

၁။ ကလေးငယ်တွေဟာ ကျွန်မတို့ အနာဂါတ်အတွက် ပျိုးပင်လေးတွေလိုပါပဲ။ ဒီတော့ အပင်လေးတွေ နုနယ်ချိန်မှာ အသိဥာဏ်တွေ၊ ဘဝသင်ခန်းစာတွေ ပေးပြီး ရေလောင်း ပေါင်းသင်ပေးရမှာပါ။ နောက်ပြီး သူတို့လေးတွေ ကြီးပြင်းလာတဲ့အခါ သူတို့ ဘဝကို ဆက်လက်ရှင်သန်နိုင်ဖို့ ကျွန်မတို့ လူကြီးတွေက နေရာဖယ်ပေး၊ နေရာချထား ပေးရမှာပါ။

၂။ တစ်ခြားသူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေတာမျိုး မလုပ်မိပါစေနဲ့။ မမေ့သင့်တာကတော့ ကိုယ်ပြုတဲ့ကံ ဆိုတာ ကိုယ့်ထံ ပြန်လာတတ်စမြဲပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အမှန်တရားကို ချစ်မြတ်နိုးပြီး ကိုယ့်ကိုယ်ကိုလည်း အမြဲ မှန်အောင်နေပါ။ ဘာလို့လဲ ဆိုတော့ လူတစ်ဦးချင်းစီမှာ ရိုးသားခြင်း ရှိမရှိ ဆိုတာ လောကကြီးက အမြဲ စာမေးပွဲ စစ်နေတတ်ပါတယ်။

၎။ သင့်ရဲ့ သဟဇာတကျတဲ့ နေထိုင်မှုကို ဆက်ထိန်းထားပါ။ သင့်စိတ်၊ သင့်ခံစားချက်တွေ၊ သင့်ရုပ်ပိုင်းဆိုင်ရာတွေ၊ စသည်ဖြင့် အားလုံးဟာ ကြံ့ခိုင်ဖို့၊ သန့်ရှင်းဖို့ နဲ့ ကျန်းမာဖို့ လိုပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်လာစေဖို့ ဆိုရင် ခန္ဓာကိုယ်ကလည်း သန်စွမ်းမှ ဖြစ်မှာပါ။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ကုစားဖို့ကလည်း စိတ်ချမ်းသာအောင် နေမှဖြစ်မှာပါ။

၅။ နောင်တစ်ချိန်မှာ သင် ဘယ်လိုလူ ဖြစ်လာစေရမယ်၊ ဘယ်လို ပြုမူနေထိုင်မယ် ဆိုတာတွေကို သတိရှိရှိနဲ့ ဆုံးဖြတ်နိုင်ပါစေ။ ပြီးတော့ သင်ဆုံးဖြတ် ရွေးချယ်ထားတဲ့ လုပ်ရပ်တွေအပေါ် တာဝန်ယူစိတ်ရှိပါ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။