စိတ်ဓါတ်ခိုင်မာတဲ့ သူတွေမှာ တွေ့ရတဲ့ အောင်စိတ်များ

blank

စိတ်ပိုင်းဆိုင်ရာ ရင့်ကျတ်မှုဆိုတာ မွေးကတည်းက ပါလာတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်တိုင်မွေးမြူမှ တဖြည်းဖြည်း ရင့်ကျက်လာမှာ ဖြစ်ပါတယ်။ ဒီလိုစိတ်ဓါတ်ရင့်ကျက်တဲ့သူတွေမှာ သူတို့တိုးတက်ရာတိုးတက်ကြောင်း အမြဲ လုပ်ဖြစ်နေတဲ့ အလေ့အကျင့်လေးတွေ အများကြီး ရှိပါတယ်။ အောက်ဖက်မှာတော့ စိတ်ဓါတ်ခိုင်မာတဲ့ သူတွေမှာ တွေ့ရတဲ့ အမူအကျင့်လေးတွေကို ဂန္ထဝင်ပရိတ်သတ်ကြီး အတွက် မျှဝေပေးလိုက်ရပါတယ်။

၁။ သူတို့ရဲ့ စိတ်စွမ်းအင်တွေကို ဘာမှ အရေးမကြီးတဲ့ ကိစ္စရပ်တွေအတွက် အကုန်ဆုံး မခံတတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ရင်ကျက်တဲ့ သူတွေက သူတို့ရဲ့ အချိန်တွေနဲ့ စွမ်းအင်တွေကို စနစ်တကျ သုံးစွဲတတ်ကြပါတယ်။

၂။ မကောင်းမြင်တဲ့ စိတ်တွေ များလာရင်လည်း သူတို့ကိုယ် သူတို့ အမြဲ ချိန်ညှိနေတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုလည်း အမြဲ ဝေဖန်ဆန်းစစ် နေတတ်ကြတယ်။ သူတို့အတွက် အယုံကြည်ရဆုံးနဲ့ သူတို့ကို အားအင်တွေ အပေးနိုင်ဆုံး ကတော့ သူတို့ ကိုယ်တိုင်ပါပဲ။

၃။ သူတို့ချမှတ်ထားတဲ့ လမ်းကြောင်းကို မဖြစ်မနေရောက်အောင် သွားတတ်ကြတယ်။ ကြုံလာသမျှ အခက်အခဲတွေကို စိန်ခေါ်မှုတွေအဖြစ် မြင်ယောင်ရင်း ပန်းတိုင်ကို ရောက်ဖို့ တစ်စိုက်မတ်မတ် ကြိုးစားတတ်ကြတယ်။

၎။ တစ်နေ့ချင်း ကြိုးပမ်းအားထုတ်မှုတွေ ကိုလည်း အမြဲ စီစစ်နေတယ်။ သူတို့လုပ်တာ မှန်ကန်ရဲ့လား၊ ဘယ်နေရာမှာ ဘာလိုနေလဲ စသဖြင့်ပေါ့။ ဒီလို ကြိုးစားရုန်းကန် နေရတာကိုပဲ ကျေနပ်တတ် ကြပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ဒီထက်ကောင်းတဲ့ နေရာတစ်ခုကို ရောက်ဖို့ ကြိုးစားနေဆဲ အခိုက်အတန့်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင် နိုင်ကြတယ်။ သူတို့ အရမ်းပင်ပန်း လာတဲ့အခါ လေ့ကျင်ခန်း လုပ်တာမျိုး၊ ကိုယ့်စိတ်ကို ထွက်ပေါက်ဖြစ်စေမယ့် အရာမျိုးလေးတွေ လုပ်တာမျိုး လုပ်လေ့ရှိပါတယ်။ နာကျင်မှုတွေကတော့ သူတို့ရဲ့ ရဲဖော်ရဲဖက်တွေပါပဲ။

၆။ ကိုယ့်ဘဝကို ကျေနပ် ရောင့်ရဲ တတ်ကြတယ်။ ကျေးဇူးတရားကို တန်ဖိုးထား တတ်ကြတယ်။သူတို့ပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် ဘယ်တော့မှ အလိုမကျ မဖြစ်ဘူး။ ကံဆိုးလို့ ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ကိုယ်တိုင် ပြုပြင်သင့်တာ ပြုပြင်ပြီး ရှေ့ဆက် လျှောက်လှမ်းတတ် သူတွေပါ။

၇။ သူတို့ဟာ စိတ်ခံစားမှုနဲ့ လက်တွေ့ကျမှုကို မျှတအောင် ထိန်းညှိနိုင်ကြတယ်။ တစ်ခုခု ဆုံးဖြတ်တော့မယ်ဆို စိတ်ခံစားမှုနဲ့ စဉ်းစားချင့်ချိန်မှု မျှတတဲ့အခါ သူတို့ဆုံးဖြတ်ချက်တွေ မှန်ကန်တတ်ကြပါတယ်။

၈။ ဘဝကို ကိုယ့်ခံယူချက်နဲ့ကိုယ် ရပ်တည်တယ်။ ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အလိုမကျ ဖြစ်နေတာမျိုး မရှိပါဘူး။ သူတို့တန်ဖိုးထားတဲ့ ဘဝပုံစံမျိုးနဲ့ ရပ်တည်တယ်။ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ပြီး ဘဝကို အကောင်းဆုံး ရပ်တည်ကြသူတွေပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။