အမြင်မတူတိုင်းသာ ရန်သူဖြစ်မယ် ဆိုရင်

blank
Photo Reference: http://bit.ly/1OYIOWA

အိန္ဒိယ မှာ ရှိတဲ့ မြစ်တစ်မြစ်ရဲ့ အနီးမှာ မျက်မမြင် (၆)ယောက် နေထိုင်ကြပါတယ်။ သူတို့ဟာ မျက်စိမမြင်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမြဲ ပြိုင်ဆိုင်နေတတ်ကြတယ်။

တစ်နေ့မှာတော့ သူတို့ဟာ ဆင်တစ်ကောင်ရဲ့ ပုံသဏ္ဍန် ဘယ်လိုရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေခဲ့ကြတယ်။ ခက်တာ အားလုံးက မွေးကတည်းက မျက်စိ မမြင်တဲ့ သူတွေချည်းဆိုတော့ ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ် ဝေခွဲမရ ဖြစ်နေကြတော့တယ်။ ဒါနဲ့ အားလုံးတိုင်ပင်ပြီး ဆင်ရှိတဲ့နေရာကို သွားပြီး အဆုံးအဖြတ်ပြုလုပ်ဖို့ သဘောတူလိုက်ကြတယ်။

သူတို့အတွက် လမ်းပြလုပ်ဖို့ ကောင်လေး တစ်ယောက်ကို ခေါ်လိုက်တယ်။ တောလမ်းအသွယ်သွယ်ကို ဖြတ်ပြီးတဲ့ နောက်မှာတော့ ဆင်ကြီးရှိတဲ့ ဆီကို ရောက်သွားခဲ့တယ်။ ဆင်လိမ္မာလေး ဖြစ်တာကြောင့် သူတို့တစ်ယောက်တစ်ပေါက်နဲ့ စမ်းသပ်ကြပေမယ့် ဘာမှ အန္တရာယ် မပြုခဲ့ပါဘူး။

မျက်မမြင်ခြောက်ယောက်ကတော့ အရမ်းကို စိတ်လှုပ်ရှားနေပါပြီ။ ဒါနဲ့သူတို့လည်း ဆင်ကြီးကို ရှုထောင့် အမျိုးမျိုးကနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ပထမဆုံးတစ်ယောက်က ဆင်ကြီးကို သူ့ အမြင်နဲ့သူ စမ်းသပ်ပြီးတဲ့ နောက်မှာတော့ “တစ်ကယ်တော့ ဆင်ဆိုတာ နေလှန်းထားတဲ့ ရွှံ့နံရံကြီး တစ်ခု ပါပဲ” လို့ ပြောလိုက်ပါတယ်။

အဲဒီမှာ နောက်တစ်ယောက်က “မဟုတ်ပါဘူးကွ၊ ဆင်ဆိုတာ စက်ဝန်းကြီးတစ်ခုနဲ့ သဏ္ဍန်တူတာပါ ” လို့ ပြောခဲ့ပြန်ပါတယ်။

တတိယတစ်ယောက်ရဲ့ အလှည့်မှာတော့ “အာ…မင်းတို့ကလည်း တစ်ကယ်တမ်းကျ ဆင်ဆိုတာ မြွေနဂါးလိုမျိုး ပါပဲကွာ ” လို့ ပြောလိုက်ပြန်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလိုနဲ့ ပဉ္စမမြောက် လူရဲ့ အလှည့်မှာတော့ “ငါ့အထင်ကကျ ဆင်ဆိုတာ ဆန်ပြာတဲ့ ဆန်ကော ကြီးပါပဲကွာ။” ပြောလိုက်ပါတော့တယ်။

နောက်ဆုံး တစ်ယောက်ရဲ့ အလှည့်လည်းရောက်ရော “ငါ့သိတာတော့ ဆင်ဆိုတာ ကြီးမားတဲ့ ထန်းပင်ကြီးတစ်ပင်ရဲ့ ပင်စည်ပါပဲ။” ဆို ပြောချလိုက်တယ်။

ဒီလိုနဲ့ သူတို့ ဆန္ဒလည်း ပြည့်ဝသွားပြီမို့ လမ်းပြလေးရဲ့ လက်ကို ဆွဲပြီး တစ်ယောက်လက်တစ်ယောက်ဆွဲရင်း သူတို့နေထိုင်ရာနေရာလေးဆီ ပြန်လာခဲ့ကြတယ်။ သူတို့ဟာ ကိုယ့်အမြင်နဲ့ကိုယ်မို့ တစ်ယောက်ကိုတစ်ယောက် လက်မခံချင်ကြဘူး။ ကိုယ်ထင်တာပဲ အမှန်ဆို ယူဆနေကြပါတယ်။

သူတို့ အမြင်တွေဟာလည်း တစ်စိတ်တပိုင်းတော့လည်း မှန်ကန်နေပါတယ်။ တစ်ကယ်တမ်း ဆင်တစ်ကောင်လုံးကို ခြုံပြောဖို့အထိတော့ မမှန်ကန်ပါဘူး။

ဒီိလိုပဲ ကျွန်တော်တို့လည်း အကြောင်းအရာ တစ်ခုတည်းပေါ်မှာပဲ မတူညီတဲ့ သုံးသပ်ချက်လေးတွေ ရှိနေတတ်ပါတယ်။ ဒီလိုအမြင်မတူလို့ တစ်ယောက်ကို တစ်ယောက် သူမှားတယ် ကိုယ်မှားတယ် ပြောလို့မရပါဘူး။ ဘာလို့လဲဆို သူ့ဘက်က လက်ဖဝါး ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး ဖြစ်နေတတ်တာမျိုးလေးတွေ ရှိတတ်လို့ပါ။ ဒီလို အမြင်မတူတာလေးတွေကို တလေးတစားနဲ့ သူဘက်ကိုယ့်ဘက် မျှတွေးတတ်မယ်ဆို မှန်ကန်တဲ့ အဖြေတစ်ခုစီရောက်သွားနိုင်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။