အားမတန်ဘူး အထင်နဲ့ပဲ မာန်မလျှော့လိုက်မိပါစေနဲ့

blank

တစ်နေ့မှာ ဆင်တွေ ထိန်းကျောင်းနေရတဲ့ လူတစ်ယောက်ဟာ ဆင်တွေနဲ့ ပတ်သက်တဲ့ ထူးဆန်းမှုတစ်ခုကို စတင်သတိထားမိခဲ့ပါတယ်။ အဲဒါကတော့ ဒီလောက်ကြီးမားတဲ့ ဆင်လို သတ္တဝါကြီးတွေကို ကြိုးသေးသေးလေးတွေနဲ့ ချည်ထားတာကိုပါပဲ။ ဆင်တွေရဲ့ ရှေ့ခြေတစ်ဖက်ကိုပဲ ကြိုးလေးနဲ့ ထိန်းထားပြီး အခြား ခိုင်ခံ့တဲ့ ကြိုးတွေ လှောင်အိမ်တွေနဲ့ မထားကြတာ သိပ်ကို အံ့သြစရာကောင်းလှတယ်လို့ သူတွေးနေမိတာပါ။ တစ်ကယ်ဆို ဆင်တွေကလည်း သူတို့အားနဲ့ ဒီကြိုးသေးသေးလေးတွေကို ရုန်းပြီး ထွက်ပြေးချင်ပြေးလို့ ရလျှက်နဲ့ မပြေးတာကလည်း ပိုအံ့သြစရာ ကောင်းပါသေးတယ်လို့လည်း တွေးနေမိပါသေးတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါ့ကြောင့် အနားမှာရှိတဲ့ ဆင်လေ့ကျင့်ရေးဆရာကို မေးကြည့်လိုက်တယ်။ ဒီဆင်တွေဘာကြောင့် ငြိမ်ငြမ်လေး ရပ်နေကြတာလဲ သူတို့ဒီကြိုးလေးကို ရုန်းနိုင်လျှက်နဲ့ ဘာလို့ မရုန်းကြလဲဆိုတာတွေပေါ့။ လေ့ကျင့်ရေးဆရာလည်း “ဒါကဒီလိုရှိပါတယ်။ သူတို့ ငယ်ငယ်ကတည်းက ဒီလိုကြိုးသေးသေးလေးတွေနဲ့ ချည်နေကျဆိုတော့ ငယ်စဉ်က သူတို့ဒီကြိုးတွေကို ဘယ်လိုမှ မရုန်းနိုင်ဘူးလေ။ ဒီလိုနဲ့ သူတို့ခန္ဓာကိုယ် ထွားကျိုင်းလာပေမယ့် အရင်ကလိုပဲ မရုန်းနိုင်ဘူးထင်ပြီး မရုန်းကြတော့တာပါ။ ဒီတော့ ကျွန်တော်တို့လည်း ဒီကြိုးလေးတွေပဲ ဆက်သုံးနေကြတာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။

အထက်ပါဖြစ်ရပ်လေးကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့လူတွေလည်း ထိုနည်းလည်းကောင်းပါဘဲ။ ကိုယ့်မှာ စွမ်းဆောင်နိုင်တဲ့ အင်အားတွေရှိလျှက်နဲ့ စိတ်ထဲက မလုပ်နိုင်ဘူးလို့ ထင်နေတာကြောင့် လက်လွှတ်လိုက်ရတဲ့ အခွင့်အလမ်းတွေ ဘယ်လောက်တောင် ရှိနေပြီလဲ ဆိုတာ ပြန်သုံးသပ်ကြည့်လို့ ရပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။