သင့်အတွေးအခေါ်လေးတွေကို ပြောင်းလဲပေးမယ့် ပုံပြင်လေးများ အပိုင်း (၂)

blank

၁။ ကျွန်မရဲ့ရုံးက ဝန်ထမ်းတစ်ယောက်က အရင်တစ်ပတ် ရုံးကနေ အိမ်ကို ပြန်တဲ့အခါမှာ ကားတိုက်မှု ဖြစ်ပြီး သေဆုံးသွားခဲ့တယ်။ သူ့အသုဘမှာ ရုံးက ဝန်ထမ်းတွေ အားလုံးက မျက်ရည်နဲ့မျက်ခွက် ဖြစ်နေကြတယ်။ ရုံးဝန်ထမ်းတွေက “သူက အရမ်းတော်တာ။ သူ့ကို အားလုံးက အရမ်းချစ်ကြတာ် ” ဆိုပြီး ငြီးတွားနေကြတယ်။ အဲ့ဒီတော့ ကျွန်မကလည်း မထိန်းနိုင်တော့ ငိုနေမိတာပေါ့ ရှင်။ လူတွေက မသေခင်မှာတော့ ချစ်တယ်ဆိုတာကို မပြောကြဘူး။ သေသွားမှသာ လူတစ်ယောက်ရဲ့ ကောင်းနိုးရာရာတွေ၊ သူ့အပေါ် ချစ်ခင်တန်ဖိုးထားမှုတွေကို တဖွဖွ ပြောနေတတ်ကြတာ။ လူတွေအချင်းချင်း သက်ရှင်ထင်ရှားရှိနေစဉ် တစ်ယောက်တန်ဖိုးတစ်ယောက် သိရှိနားလည်ပြီး ဖော်ပြတတ်ကြရင် လောကကြီးက ဘယ်လောက်များ နေပျော်လိမ့်မလဲနော်။

 

၂။ ကျွန်တော်က အိုနေပါပြီ။ ဒါပေမယ့်လည်း အလုပ်တော့ ဆက်လုပ်နိုင်သေးပါတယ်။ တစ်ချို့သော ညတွေဆိုရင် ကောင်းကောင်း မအိပ်နိုင်ပေမယ့် မနက်ကိုတော့ အလုပ်လုပ်ဖို့ အစောကြီးထပါတယ်။ ကျွန်တော့် ပိုက်ဆံအိတ်ကို ပိုက်ဆံတွေ အပြည့် မဖြည့်နိုင်ပေမယ့် ဗိုက်ကိုတော့ အဝဖြည့်နိုင်ပါတယ်။ ကျွန်တော် ရချင်သမျှ အရာတိုင်း ဘဝမှာ မရပေမယ့်လည်း လိုအပ်တာတွေတာ့ အကုန် ရခဲ့ပါတယ်။ ကျွန်တော့် ဘဝက မပြည့်စုံပေမယ့်လည်း ကိုယ့်ဘဝကိုယ် ကျေနပ်မိပါတယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

 

၃။ မနေ့က ကျွန်မနဲ့ ညီမလေးက ကားမတော်တဆ တိုက်မှု ဖြစ်သွားခဲ့တယ်။ တော်သေးတာပေါ့ ကျွန်မတို့က ခါးပတ်ကို သေချာပတ်ထားလို့ ဒဏ်ရာ မရလိုက်ဘူး။ ဖော်ဖော်ရွေရွေ နေတတ်တဲ့ ညီမလေးကတော့ အပေါင်းအသင်း များပေမယ့် သူနဲ့မတူတဲ့ ကျွန်မကတော့ သူငယ်ချင်း နှစ်ယောက်ပဲ ရှိတယ်။ အဲ့ဒီလို ယှဉ်တိုက်မှု ဖြစ်ပွားတော့ ညီမလေးက ချက်ချင်းပဲ Facebook တွေ Instragram မှာ ပုံတွေတင်လိုက်တယ်။ တင်ပြီးတဲ့အခါမှာ သူ့ သူငယ်ချင်းတွေကတော့ comment တွေ၊ like တွေ ပလူပျံနေအောင် ပေးကြတော့တာပေါ့။ လူနာတင်ကားမလာခင်မှာပဲ ရောက်လာတာကတော့ ကျွန်မသူငယ်ချင်းလေးနှစ်ယောက်ပဲ ဖြစ်ပါတယ်။

သင်ဒီစာကို ဖတ်ပြီး စဉ်းစားမိတယ်ဆိုရင် သူငယ်ချင်းတွေကို သေချာပေါက် Share ပေးလိုက်ပါ။