ဖြစ်သလိုလုပ်ရင် လုပ်သလိုဖြစ်မယ်။

blank

တစ်ခါတုန်းက လက်သမားကြီးတစ်ယောက်ဟာ အသက်အရွယ်အရ အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။ သူက သူ့အလုပ်ရှင် သူဌေးကို သူ့ဘဝရဲ့ လက်ကျန်အချိန်မှာ အလုပ်မလုပ်တော့ဘဲ သူ့မိန်းမနဲ့ပဲ အတူတူ ဘုရားသွား ကျောင်းတက်နဲ့ ဖြတ်သန်းချင်တော့တဲ့ အကြောင်း ဖွင့်ပြောလိုက်ပါတော့တယ်။

သူဌေးကတော့ အားကိုးရတဲ့ ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုံးရလို့ စိတ်မကောင်း ဖြစ်နေတော့တာပေါ့။ ဒါပေမဲ့ နောက်ဆုံးအနေနဲ့ အိမ်လေးတစ်လုံးလောက်တော့ ထပ်ပြီး ဆောက်ပေးခဲ့ဖို့ တောင်းဆိုလိုက်တယ်။ နှစ်ပေါင်းများစွာ အတူလက်တွဲလာတဲ့ ကျေးဇူးရှင်ဖြစ်နေတော့ လက်သမားကြီးက ဆောက်ပေးပါ့မယ်ပေါ့။ အခုအချိန်မှာ သူက အလုပ်မှာ စိတ်မပါတော့တာကြောင့် အိမ်ဆောက်တဲ့ အခါမှာ ပြီးစလွယ်ပဲ ဆောက်လိုက်ပါတော့တယ်။ မြန်မြန်ပြီးလေ အေးလေ ဆိုတဲ့ အတွေးနဲ့ အဖြစ်ပဲဆောက်ပေးလိုက်တာပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

လက်သမားဆရာကြီး အိမ်လေးဆောက်ပြီးတဲ့ အချိန်မှာ သူဌေးရောက်လာပြီး သူ့လက်ထဲကို အဲ့ဒီအိမ်သော့လေး လှမ်းပေးလိုက်ပါတယ်။ ပြီးတော့ “ ဒါခင်ဗျားအိမ်လေ… ကျွန်တော် ခင်ဗျားကို လက်ဆောင်ပေးဖို့ ဆောက်ခိုင်းလိုက်တာ” လို့ပြောလိုက်တဲ့အချိန်မှာ လက်သမားဆရာကြီးဟာ အရမ်းအံ့သြသွားပြီး ရှက်လည်း ရှက်သွားမိတော့တယ်။ ဒီအိမ်ဟာ သူ့အတွက်ဆိုတာသာ ကြိုသိခဲ့ရင် သူဒီလို ဘယ်လုပ်ခဲ့ပါ့မလဲ။ အခုတော့ ဘဝတစ်လျှောက်လုံး အိမ်ကြီးအိမ်ကောင်း လက်ရာသန့် များစွာ ဆောက်လုပ်ဖူးခဲ့တဲ့ ပေမယ့် သူဆောက်ခဲ့ဖူးသမျှထဲက လက်ရာအညံ့ဆုံး အိမ်မှာ နေရတော့မယ်လေ။