ပျော်ရွှင်မှုတွေကို ဟန့်တားတတ်တဲ့ အမူအကျင့် ၇ ခု

blank

၁။ ပြဿနာ အသေးအဖွဲလေးတွေကို ပုံကြီးချဲ့ပြီး ရှိသမျှ စွမ်းအားသုံး ဖြေရှင်းနေခြင်း။

၂။ နေ့ရက်တိုင်းကို လွယ်ကူစွာနဲ့ မိမိ စီစဉ်တဲ့ အတိုင်း တသွေမတိမ်း ဖြစ်မယ်လို့ မျှော်လင့်နေခြင်း။

၃။ မိမိရဲ့ အားထုတ်မှုတိုင်းကို လုံးဝ အောင်မြင်ဖို့ မျှော်လင့်နေခြင်း။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ လက်ရှိအချိန်မှာ မနေဘဲ အတိတ်တွေ၊ အနာဂတ်တွေ အတွက်ပဲအချိန်ကုန်နေခြင်း။

၅။ အပျက်စကားတွေနဲ့ မိမိကိုယ်မိမိ စွမ်းအင်လျော့ကျအောင် လုပ်မိနေခြင်း။

၆။ လူတိုင်းကို မိမိလို ထင်ပြီး မိမိပေးသလို ကြင်နာမှုတွေ၊ ဂရုစိုက်မှုတွေ တန်ပြန်သက်ရောက်မယ်လို့ မျှော်လင့်နေခြင်း။

၇။ ရင့်ကျက်မှုလွန်ကဲပြီး ဘဝကို အလွန်အမင်း ချုပ်ထိန်း နေထိုင်ခြင်း။

သင်ဘာပဲ လုပ်လုပ် မနေ့က စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်ရာတွေကို မတွေးဘဲ လက်ရှိ အချိန်အတိုင်းပဲ နေထိုင်ပြီး လုပ်ဆောင်ပါ။ ဖြစ်ခဲ့ပြီးတာတွေကို သင်ဘာမှ လုပ်လို့ မရတော့ပါဘူး။ ဒါပေမယ့် သင်လုပ်ရမှာက အဲ့ဒါတွေကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကို ပိုသန်မာအောင်၊ ပိုပြီး စဉ်းစားဆင်ခြင်တတ်လာအောင် လုပ်ဖို့ပါပဲ။

ဒီတော့ နေ့သစ်တစ်နေ့ စပြီ ဆိုတာနဲ့ အတိတ်တံခါးကြီးကို လုံးဝ ပိတ်လိုက်၊ သင့်အနာဂါတ်သစ် အတွက် တံခါးဖွင့်ထား၊ အသက်ကို ဝဝရှူ၊ ရှေ့ကိုပဲ တက်လှမ်းပြီး ဘဝရဲ့ စာမျက်နှာသစ်ကိုပဲ စလိုက်ပါ။

အသိတစ်ခုခု ရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။